Love ရဲ့အထက်တန်းပထမဆုံးတက်မဲ့နေ့ဖြစ်ပြီး Milk ရဲ့တက္ကသိုလ်တတိယနှစ်လည်းဖြစ်ပါသည်။
Love တစ်ယောက်ကတော့တက်ကြွ
နေပင်မဲ့ Milk စိတ်ထဲမရွှင်လန်း..။
အချိန်တွေက တစ်ရက်နှင့်တစ်ရက် တစ်လနှင့်တစ်လ တစ်နှစ်နှင့်တစ်နှစ် ကုန်ဆုံးတာမြန်ဆန်နေသည်။ဒီတစ်နှစ်
နှင့်နောက်တစ်နှစ်တက္ကသိုလ်တက်ပြီးလျှင် အမိမြေထိုင်းနိုင်ငံကြီးကစွန့်ခွာပြီး အင်္ဂလန်ကိုသွားရတော့မည်ဆိုတာကိုတွေးမိရင် ရင်ထဲတစ်ဆစ်တစ်ဆစ်နာကျင်ရသည်။"သခင်မလေးအဆင့်သင့်ဖြစ်ရင်ကျွန်တော်မျိုးမောင်းတော့မယ်ခပ်"
"နေဦး...love ကျန်သေးတယ်"
"အာ...ဟိုအဘိုးရဲ့မြေးလေးလားခပ် တောင်းပန်ပါတယ် သခင်မလေး...ကျွန်တော်မျိုးမသိလို့ပါ"
"ရပါတယ်။ရိုရိုသေသေကြီးမဆက်ဆံပါနဲ့ ကျွန်မနေရခက်လို့—အော...love လာပြီ"
ကားတံခါးကိုဖွင့်၍အထဲမှအပြင်ကိုထွက်လိုက်ကာ love ဆီသို့လျှောက်သွားသည်။
အထက်တန်းယူနီဖောင်းအဖြူရောင်လေးနှင့်အောက်က နက်ပြာစကတ်လေးဟာချစ်စရာကောင်းနေပြီး မျက်မှန်အမဲကိုင်းအဝိုင်းလေးကိုပါတပ်ထားသေးတော့ အသည်းယားစရာ။
"P'milk လှနေတာပဲ...အရင်ကနဲ့မတူဘူး"
"အရင်ကမလှဘူးဆိုတဲ့သဘောပေါ့?"
"ဟာ...မဟုတ်ပါဘူး—အခုကပိုလှတယ်ပြောတာ"
"စကားတတ်လေးပါ...လာ အမတို့သွားကြမယ်"
"ဟို...ဒီဟာကြီးနဲ့လားဟင်"
Milk တစ်ယောက်ထဲစီးခွင့်ရသည့် 1890s တွင်စျေးအကြီးဆုံးထိပ်တန်းဝင် ကားအကောင်းစားကြီး ကိုလက်ညိုးထိုးပြလျက်။
"ဟုတ်တယ်...ဘာလို့?"
"မိုက်လိုက်တာလို့....ဒါကြီးမစီးဖူးဘူး"
Love ရဲ့မျက်လုံးလေးတွေအရောင်လက်နေသည်ကို Milk သတိထားမိ၏။
"ဒါဆိုအထဲဝင်"
Milk မှကားတံခါးကိုဖွင့်ပေးကာ love သည်အထဲသို့ဖြည်းဖြည်းချင်းဝင်သွားတော့သည်။
"မောင်းလို့ရပြီနော် အကို"
Milk ကိုခေါင်းတစ်ချက်ညိမ့်ပြကာ ကားကိုစက်နိုးနေသည့် ကားမောင်းသူအိမ်တော်ထိန်း။
YOU ARE READING
အသက်ထပ်ဆုံရာ(Season1)
FanfictionThe flowers are blooming and the seasons are changing The future of the two of us has started to change