"အမ မကောင်းဘူးဟုတ်တယ် အကုန်အမအမှားတွေ..."
Love ကဘာမှပြန်မပြောတော့.....ပြတင်းပေါက်ကိုသာ စိုက်ကြည့်နေမိ၏။
"Love အမနဲ့စကားမပြောချင်မှန်းအမသိပါတယ်...အမရှောင်ပေးမယ်"
ကုတင်ဘေးမှထွက်သွားကာ တံခါးနားရောက်ခါနီးတွင်....
"အမထပ်တောင်းပန်ပါတယ်..."
ထိုစကားတစ်လုံးသာပြော၍မျက်ရည်များကိုသုတ်လိုက်ကာ အခန်းထဲမှထွက်သွားတော့သည်။..
.
.
.
.
.
.
.
."သမီး!"
အခန်းထဲမှထွက်သွားသော်လည်း အခန်းအပေါက်ဝကမခွာခြေ။ Phon pansa မှ Milk ရှိရာသို့ဦးတည်ကာရောက်လာသည်။
"အဲ့ကလေးအတွက်နဲ့ပဲနင့်အချိန်တွေကိုဖြုန်းနေတော့မှာလား "
"တပတ်လုံးလည်း အချိန်ဇယားတွေပြတ်ကွက်နေတယ်...နင်အင်္ဂလန်မှာဆို..."
"ကျွန်မသည်ထိုင်းလူမျိုးတစ်ယောက်ထိုင်းနိုင်ငံမှာကျွန်မမွေးတယ်...ထိုင်းနိုင်ငံမှာပဲကျွန်မကြီးပျင်းလာတယ်...ထိုင်းလူမျိုးတစ်ယောက်အနေနဲ့တခြားယဥ်ကျေးမှုတွေကို လိုက်တုနေရအုန်းမှာလား?"
"တော်တော်ပြောရခက်ပါလား..Milkpansa!! နင်ဘယ်လောက်ပဲ ဆန့်ကျင်နေပါစေ အချိန်တန်ရင်အဖေဖြစ်တဲ့ငါ့အမိန့်ကိုပဲနာခံရမှာမို့
ဆိုးလို့ရတုန်းဆိုးထားစမ်းပါ""ကျွန်မမှာ ခဗျားအတွက်ဘာမှပြောစရာမရှိတော့လို့ သွားခွင့်ပြုပါအုန်း"
အဖေဖြစ်သူကိုလျစ်လျူရှုကာ
ခြံထဲသိုအံကြိတ်ကာထွက်လာခဲ့သည်။
တပတ်လုံးအချိန်ဇယားတွေကို
အပြတ်ခံပြီး Love နားမှာရှိနေပေး
ခဲ့သည်ကိုလည်းအသိမှတ်ပြုခြင်းအခံရ။
တခါလာလည်းဒီအကြောင်း နှစ်ခါလာလည်းဒီအကြောင်း ပဲအမြဲပြောနေသော
အဖေ။
ထိုအတွေးများကိုဆက်တိုက်တွေးနေခဲ့ပြီး ဝမ်းနည်းမှုများဖြင့် အပြင်ဘက်ရှိ
ခုံတန်းလေးပေါ်၌ထိုင်နေခဲ့သည်။ခြံထဲသို့ကားတစ်စီးဝင်လာကပြီး ဟွန်း သုံးချက်တီးကာ အိမ်ထဲရှိလူများကာ
ခေါ်ဆိုသည့်အသံ။
ကားထဲမှအရပ်မြင့်မြင့်နှင့်ခပ်ချောချော
အမျိုးသမီးတစ်ဦးဆင်းလာခဲ့သည်။
YOU ARE READING
အသက်ထပ်ဆုံရာ(Season1)
FanfictionThe flowers are blooming and the seasons are changing The future of the two of us has started to change