အပိုင်း (၆)

211 25 24
                                    

Unicode

ရှေးတို့ ဆေးရုံက ထွက်လာပြီး ‌အိမ်ပြန်လမ်းကျ မိုးဖွဲလေးတွေက ဖြောက်တောက်ဖြောက်တောက် ကျနေသည်။ အစ္စဏီက တိတ်တဆိတ် ကားမောင်းနေပြီး ရှေးသည်လည်း တစ်ဖက်သို့ လှည့်ကာ လမ်းမကြီးကိုငေးနေလေသည်။

‌ရုတ်တရက် ရှေးရဲ့ပါးပြင်တွေ စိုစွတ်လာတာကြောင့် အထိတ်တလန့် ဖြစ်သွားရသည်။ သူငိုနေမိပြန်တာလား။

"ရှေး! မှန်မချလိုက်နဲ့လေ မိုးရွာနေသေးတယ်"

အခုချိန်မှာ ရှေးမျက်ရည်တွေကို လွတ်လပ်စွာ ကျခွင့်ပေးချင်တယ်။ အစ္စဏီ့ရဲ့တားဆီးသံကိုကြားသော်လည်း သူ မရပ်မိပါချေ။ထိုအစား ခေါင်းကို အပြင်သို့ထုတ်ကာ တံခါးဘောင်ကို မှီလိုက်ရင်း မျက်နှာပေါ်ရိုက်ခတ်နေတဲ့ မိုးစက်တွေကို အသာတကြည်လက်ခံနေမိသည်။ မိုးရေတွေကအေးစက်နေသလောက် ဆန့်ကျင်ဘက်ဖြစ်တဲ့ ရှေးရဲ့ ပါးပြင်တွေကတော့ ပူနွေးနေခဲ့သည်။

"နေမကောင်းဖြစ်မယ်လေကွာ..."

ဆိုတဲ့ အစ္စဏီ့ရဲ့ ညည်းညူသံကိုကြားသော်လည်း ရှေး မျက်လုံးတွေကို ပြန်မဖွင့်တော့ပါချေ။ မျက်ရည်တွေနဲ့အတူ နာကျင်မှုတွေ ပါသွားရင် ဘယ်လောင်ကောင်းလိုက်မလဲ။

ရှေးတို့ အိမ်ပြန်ရောက်တဲ့အထိ မိုးကတော့ မတိတ်သေးချေ။ ဘာမှလည်း လုပ်ချင်စိတ်မရှိတာကြောင့် အခန်းထဲကိုသာ တိတ်တဆိတ်ဝင်သွားလိုက်သည်။ ရေချိုးခန်းထဲအထိပါ တစ်ခါတည်း ဝင်လိုက်ရင်း ရေပန်းကိုဖွင့်ချကာ ကျနေဆဲဖြစ်နေတဲ့ မျက်ရည်တွေကို ထိုရေတွေနဲ့အတူ နောက်တစ်ကြိမ် ကျဆင်းခွင့်ပေးလိုက်မိပြန်သည်။

ပင်ပန်းနေပြီမလို့ မျက်နှာကိုပင်မော့မထားနိုင်တော့ပဲ မျက်နှာချင်းဆိုင်က နံရံဆီ ခေါင်းငိုက်ချကာ အဆက်မပြတ်ကိုငိုနေမိတော့သည်။ဘယ်လောက်ကြာနေပြီလဲ သူ မသိ။ မွန်းကြပ်မှုတွေက လျော့မသွားဘူး။ ဘာလို့လဲ။ ဘာလို့ စီနီယာက သူ့ကို ဆွဲမထားချင်တော့တာလဲ။ အစ္စဏီနဲ့ ဘာလို့ ထည့်ပေးလိုက်ရပြန်တာလဲ။အဖြေမထွက်တဲ့ မေးခွန်းတွေကို တစ်ယောက်တည်းမေးရင်း တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ ရှိုက်ကြီးတငင်ငိုနေမိတော့သည်။

အရိုးထိအောင် "ရူး"Where stories live. Discover now