အပိုင်း (၁)

1.3K 65 30
                                    

Unicode

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျဥ်းတစ်ခုတွင် တဂျက်ဂျက်မြည်နေသည့် နာရီသံတွေကသာ ကြီးစိုးနေလေသည်။နောက်ပြန် ချည်နှောင်ခံရထားသော လက်အစုံကြောင့် သူ့လက်တွေမှာ တင်းကြပ်နေသည်။ဒါ့အပြင် မျက်လုံးပေါ်တွင် ဖိအုပ်ခံထားရတဲ့ ပုဝါစကြောင့် သူ၏ အမြင်အာရုံမှာ အမှောင်အတိ ဖုံးလွှမ်းနေလေသည်။

လွတ်မြောက်လိုလွတ်မြောက်ငြား အချည်ခံထားရတဲ့ လက်တွေကို အနည်းငယ် ရုန်းကြည့်မိတော့ သူ့နားစည်ကို ရိုက်ခတ်လာတဲ့ ရယ်သံသဲ့သဲ့က အနားမှာ လူရှိနေကြောင်း ဖော်ပြနေသည့်အလား။

"လူ...လူရှိလား"

ကြောက်စိတ်ကြောင့် တုန်ယင်နေတဲ့အသံနဲ့ အားယူကာမေးတော့ ထိုင်နေရာမှ ထလာသည့်ဟန် ခြေသံတရှပ်ရှပ်ကိုပါ ထပ်မံ၍ကြားရပြန်သည်။

*ဘယ်သူလဲ။သူ့ကို အခုလို ချုပ်နှောင်ထားတာ ဘယ်သူလဲ။

သူ့လို ဆရာဝန်လောင်းသာသာ လူတစ်ယောက်ကို ဘယ်သူကများ အငြိုးတကြီး အခုလို ဖမ်းဆီးချုပ်နှောင်ထားရသည်လဲ။အကြောင်းပြချက်ကလည်း စဥ်စားရခက်လှသည်။ကိုယ်တိုင်က လူမှုရေး ညံဖျင်းတဲ့လူမဟုတ်တာကြောင့် မုန်းနေတဲ့လူလဲ မရှိသလောက် ရှား၏။

*ဒါဆို သူက ဘယ်သူများလဲ။

အများကြီးမတွေးနိုင်ခင်မှာပဲ ​ကြားနေရတဲ့ ခြေသံက အနားသို့ ရောက်လာပြီး မိမိရှေ့၍ တိတ်ကျသွားသည်။

"ဘယ်သူလဲ"

"ရှေး..."

ထွက်လာတဲ့ အသံက သြရှပြီး နားထောင်လို့ အတော်ကောင်းသည်။ရှေးဆိုတာ ကိုယ့်နာမည်ဖြစ်နေသည့်အလျောက် ခေါ်ဆိုသူကိုတော့ သူမသိသေး။

"မောင့်အသံကို မမှတ်မိဘူးလား"

*တစ်ဆိတ်။

ဒီလို နားထောင်ကောင်းပြီး
ဆွဲငင်အားပြင်းတဲ့အသံက။

"အစ္စဏီ"

"အဟား..."

အမည်တစ်ခုကို ခပ်တိုးတိုးရွတ်မိတော့ တစ်ဖက်က ထွက်လာတဲ့ရယ်သံမှာ ပျားသကာလို ချိုမြလှသည်။သိုပေသည့် ဒီလူဟာ မည်သူဆိုတာ သိလိုက်ရပြီးသကာလ ထိုရယ်သံကတော့ မိမိနားထဲကို သံရည်ပူဖြင့် လောင်းချလိုက်သည့်နှယ် နားဝင်ဆိုးလွန်းလှသည်။

အရိုးထိအောင် "ရူး"Where stories live. Discover now