အပိုင်း (၃)

322 23 25
                                    

Unicode

ဒေါက် ဒေါက် ဒေါက်!

"ဘယ်သူရှိလဲ"

ဒေါက် ဒေါက်!!

ရှေး အခန်းထဲမှာ တောင်မြောက်လျှောက်နေရင်း အပြင်ကနေ ကြားနေရတဲ့ ခြေသံတရှပ်ရှပ်ကြောင့် လူရှိမှန်းသိလိုက်သည်။ထိုလူဟာ မည်သူမှန်းမသိသော်ငြားလည်း အပြင်ထွက်ချင်တာကြောင့် တံခါးခေါက်ရင်းသာ အသံပြုလိုက်ရသည်။

"ဘာအလိုရှိလို့ပါပဲ ဒေါက်တာ"

ထွက်လာတဲ့အသံက တည်ငြိမ်၏။ မှန်းကြည့်ရလျှင် အစ္စဏီတော့မဟုတ်တာသေချာသည်။ဒါဆို သူ့ရဲ့တပည့်တွေလား။

"အစ္စဏီနဲ့တွေ့ချင်လို့ တံခါးဖွင့်ပေးလို့ရလား"

"လိုအပ်တာရှိရင် ကျွန်တော့်ကို ခိုင်းနိုင်ပါတယ်"

ရှေးမှာ စိတ်မရှည်စွာဖြင့်ကျစ်သတ်လိုက်မိသည်။အစ္စဏီတပည့်က အစ္စဏီ့လိုပဲ လက်ပေါက်ကပ်လိုက်လေခြင်း။

"ငါ..ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်။ အခန်းထဲမှာ မစားချင်ဘူး။ အပြင်ထွက်စားချင်တယ်။ ရမလား"

"ဟို...အဲ့ဒါက"

"အဲ့တာကြောင့် အစ္စဏီနဲ့​တွေ့ချင်တာ သူ့ကိုခေါ်ပေးနိုင်မလား"

ရှေးကို သေချာစောင့်ကြည့်ဖို့ အမှာခံထားရမှာသေချာတာကြောင့် အပြင်ကလူမှာ တံခါးဖွင့်ပေးရဲမှာမဟုတ်ချေ။ဒါကို ရှေးသိပါသည်။သိတာကြောင့်လဲ တမင်ပြောလိုက်တာ။ဒါမှသာ အစ္စဏီနဲ့တွေ့လို့ရမှာမဟုတ်ပါလား။အပြင်ကနေလည်း ပြန်ဖြေသံမကြားရတော့တာကြောင့် ရှေးရဲ့ အပြင်ထွက်ရဖို့အစီအစဥ်အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရနိုင်မလား။

ခဏနေတော့ ​တံခါးခေါက်သံကို ကြားလိုက်ရတာကြောင့် ရှေးမျက်လုံးတွေမှာ အရောင်လက်လာသည်။တစ်ဆက်တည်း တံခါးဖွင့်သံကိုပါ ကြားလိုက်ရပြီး အစ္စဏီရဲ့လူနှစ်ယောက်က အခန်းထဲဝင်လာလေသည်။

"ဘောစ့်က ထမင်းစားခန်းမှာစောင့်နေပါတယ်။သူလာခေါ်ရမလားလဲ မေးပါတယ်"

"ရတယ်။ ငါ့ဟာငါပဲ..."

ရှေးရဲ့စကားမဆုံးခင် တစ်ဖက်ကိုလှည့်သွားတဲ့လူက နားရွက်တွင်တပ်ထားတဲ့ ကိရိယာတစ်ခုကို ဖိနှိပ်ကာ ခပ်တိုးတိုးပြောနေသည်ကို သတိထားမိလိုက်တာကြောင့် ပြောနေတဲ့စကားပင် တန့်သွား သည်။တစ်ဖက်ကလဲ ဘာပြန်ပြောသည်မသိ။ရုတ်တရက် ပြန်လှည့်လာပြီးရှေးကို ခေါင်းတစ်ချက်ညိမ့်ပြသည်။

အရိုးထိအောင် "ရူး"Where stories live. Discover now