Unicode
ဒုန်း !!
ရောင်နီ နားနေခန်းထဲ ထိုင်နေတုန်း ရုတ်တရက် စားပွဲခုံပေါ်ကျလာတဲ့ လက်ဝါးချက်ပြင်းပြင်းကြောင့် အနည်းငယ်လန့်သွားသည်။သိုပေသည့် အမူအရာမပျက်ယွင်းစေပဲ လက်ပိုင်ရှင်ကို ခပ်ထေ့ထေ့ကြည့်ပေးလိုက်သည်။
"မနေ့က ရှေး နင့်ဆီလာတယ်မလား"
"အင်း လာတယ်လေ။ နင်က ဘာတွေဒေါသဖြစ်နေတာလဲ"
"ဘာပြောတယ် ရောင်နီ။ လာတာကို နင်ဘယ်လိုများ အစ္စဏီနဲ့ပြန်ထည့်ပေးလိုက်တာလဲ။"
သူငယ်ချင်းဖြစ်သူ နန်းဝသုန်ဦး၏ မေးခွန်းကြောင့် ရောင်နီက မျက်မှောင်တွေကိုကြုတ်ပစ်ရင်း ဝသုန့်ကိုပါ ခပ်စူးစူးကြည့်ပစ်သည်။
"ငါ့ကိစ္စတွေထဲ နင်ဝင်မပါလို့ရမလား"
"ဘာ!! ငါကဝင်ပါတယ်...အဟား ရောင်နီဝေး တို့ကတော့ တကယ်ကို စိတ်ပျက်စရာပဲ"
"နင်ဘာပြောချင်တာလဲ။ ငါကလည်း ငါ့ကိစ္စနဲ့ငါ ရှေးကို ခဏထည့်ပေးလိုက်ရုံပဲ။ ပြီးရင် ပြန်သွားခေါ်မှာ"
"ပြန်မလိုက်ရင်ရော..."
ဝသုန့်ရဲ့ တုံ့ပြန်စကားကြောင့် ရောင်နီ တစ်ချက်ငြိမ်သွားသည်။ပြန်မလိုက်စရာလား။ရှေးက သူ့လူပဲဟာ။အဟက်။
"ဒီမှာ ရောင်နီ...နင် နင့်မိဘတွေဆီမှာ မျက်နှာပျက်ရတာ ရှေးကြောင့်ဆိုပြီး ပြန်ကလဲ့စားချေချင်နေတာမလား။နင်နဲ့ငါ အတူကြီးလာတာပါ။နင့်ရဲ့ တစ်ဖက်လူကို အငြိုးအတေးထားတက်တဲ့စိတ်ကို ငါအသိဆုံး"
"မဟုတ်ဘူး။ ရှေးကြောင့်မဟုတ်ဘူး..."
ရောင်နီ ပြာပြာသလဲငြင်းတော့ ဝသုန်က အံ့သြသလို ရောင်နီ့ကို ကြည့်နေမိသည်။
"ဒါဆို အစ္စဏီကြောင့်လား"
ရောင်နီကငြိမ်နေတော့ ဝသုန်မှာ နှစ်ဆအံ့သြသွားရသည်။ထပ်ပြီး ဒီကောင်လေးကြောင့်ပဲလား။ဆက်စပ်၍တွေးကြည့်မှ ဝသုန်နားလည်သလိုရှိလာသည်။ရောင်နီဘာလုပ်ချင်နေလဲဆိုတာကိုပေါ့။
"သူကို့ ထပ်ပြီးနာကျင်အောင်လုပ်ဦးမလို့လား။ သူက နင့်ညီလေးနော်..."