(3.3)
(3.3)သွမ့်ရှီး, '' ဒီတစ်ကြိမ် အတွက်တော့ ငါ တကယ်ကို စိတ်မကောင်း ပါဘူးကွာ ''
သွမ့်ရှီး က တစ်ဖက်ကို လှည့်ပြီးတော့ အနီရောင် ဆေးပင်တွေရှိတဲ့ နေရာထံကို သူ့ရဲ့ ငါးအမြှီး ဆူးတောင်လေးအား ယမ်းခါရင်း သွားလိုက်တော့ လေတယ်။
သူ့ရဲ့ အနာတွေကို ကုသ ဖို့ အတွက် အဲ့တာ တွေကို သူ သွားခူးဖို့ လိုအပ်တယ်လေ။
သေစမ်း အဲ့တာကြီး က အရမ်းကို နာတာပဲ!
နောက်ပြီး သူက အရမ်း ဗိုက်လဲ ဆာတယ်ရော။
................,............
အနီရောင် ဆေးပင်တွေ ရှိတဲ့ နေရာတွေက အများကြီး မရှိပဲ ထို တစ်နေရာ ထဲသာ ရှိခဲ့တာ ဖြစ်လေတယ်။ အဆုံးမှာတော့ ပင်လယ်ကြီးက အရမ်း ကို ကြီးပြီး သွမ့်ရှီး ကလည်း အဲ့နေရာ တစ်နေရာ ထဲမှာပဲ အချိန် အကြာကြီး နေတဲ့သူ မဟုတ် ဘူးလေ။ နောက်ပြီး ရေသူ မျိုးနွယ်တွေရဲ့ အမွေဆက်ခံ ရတဲ့ မှတ်ဉာဏ်တွေ ကြောင့် ထို ဆေးပင် တွေက ဘယ်နေရာမှာ ပေါက်သလဲ ဆိုတာကို ရှာဖို့ အထူး နည်းလမ်း ရှိပါတယ်။ ဒါကြောင့် သွမ့်ရှီး က ဘယ်တော့ မှ သူ့ရဲ့ လမ်းကို မပျောက် ဘူးပါချေ။
နက်မှောင်နေတဲ့ ဘေးဘတ် နံရံ တွေကနေ ထွက်လာ ပြီးတဲ့နောက်မှာ တော့ သူ့ရဲ့ မြင်ကွင်း ထဲမှာ အနီရောင် သန္တာ ကျောက်တန်း တစ်ခု က ပေါ်လာ ခဲ့လေတယ်။ ထို အနီရောင် သန္တာ ကျောက်တန်း တစ်ဝိုက် မှာတော့ အနီရောင် ဆေးပင်တွေက ပြန့်ကျဲစွာ ပေါက်နေ ခဲ့ပါတယ်။
" နောက်ဆုံးတော့ ရောက်လာ ခဲ့ပြီ ''
သွမ့်ရှီး ခမျာ အရမ်းကို ပင်ပန်း လွန်းတာ ကြောင့် သူ့ရဲ့ မျက်လုံး တွေနဲ့ ပါးပြင်ပေါ် က ပါးဟပ်တွေ ခမျာ မြန်ဆန်စွာ တဖျက်ဖျက် ခတ်နေကြ လေတယ်။
သူက အသက်ကို အကြိမ်ရေ အနည်းငယ်လောက် ရှုထုတ် လိုက်ကာ ပူဖောင်း အတန်းရှည်ကြီး တစ်ခု ကို မှုတ်ထုတ် လိုက်တော့ လေတယ်။သွမ့်ရှီး က ခေါင်းကို ခါလိုက်ပြီး ထို ပူဖောင်းတွေ အကုန်လုံးကို ဖောက်ပစ်လိုက် ပါတယ်။
သွမ့်ရှီး ခမျာ အခုထိ မေ့မျော ပါလာနေဆဲ ဖြစ်တဲ့ ယင်းဝေ ကို ကြည့်လိုက် ပြီးတော့ သူက အရမ်းကို ပင်ပန်းနေတာ တောင်မှ ပဲ သူ့ကိုယ်သူ အားတက်အောင် သူ့ရဲ့ နှလုံးသား အောက်ခြေ ကနေ အားပေး နေခဲ့ ရလေတယ်။ဆေ
![](https://img.wattpad.com/cover/372201024-288-k885081.jpg)
YOU ARE READING
ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ![BL]
Spiritualité' ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ! ' (Little merman and shark are dating! ) Title:小美人鱼跟鲛人好上了 Author: He An (鹤安) Chapter - 99 + extra 11( 110) #justfantransaltion #not_my_own_work #not_my_own_cover