"လင်းရေ မပြီးသေးဘူးလား၊ အောက်မှာလူစုံနေပြီနော်"
"လာပြီလာပြီ အန်တီလေးရေ၊အက်ျီအပေါ်ထပ်လေးရှာနေလို့ နောက်ကျနေတာ "
"အခုကော စုံပြီလား မိဖုရားမရေ"
"စုံလင်ပါပြီ အထိန်းတော်ကြီးရေ"
လင်းနှင်အန်တီလေးတို့ရဲ့ ကျီစယ်မှုကြောင့်ရယ်ပွဲစီသွားတော့သည်။ အန်တီလေးနှင့်လင်းဆိုတာ အဲ့သလိုပင်၊ တစ်ယောက်ကဒါဆိုနောက်တစ်ယောက်က ဟိုဟာဖြစ်နေတာမျိုး။ရယ်တော့ရယ်ရသားပါလေ။
"ကဲသွားကြမယ်လေ မေ၊နောက်ကျနေမယ်"
"ဟုတ်တယ်ဟုတ်တယ် သွားကြမယ်ဟေ့"
အန်ကယ်လေးရဲ့စကားအဆုံး လင်းတို့လဲ dinner
စားမဲ့ restaurant သို့ထွက်လာခဲ့ကြတော့သည်။
"အခုသွားမဲ့ဆိုင်က ပုစွန်တန်ပူရာက နာမည်ကြီးတယ်ဆိုပဲ လင်းရဲ့ ၊ဆိုင်ကဖွင့်တာ မကြာသေးပေမယ့် အရမ်းစည်တယ်တဲ့"
အန်တီလေးအပြောကို လင်းခေါင်းသာညိမ့်ပြလိုက်သည်။
"မမနဲ့ ကိုခန့်တို့လဲ ဆိုင်အသစ်တစ်ခုသိရတာပေါ့"
"ငါ့ညီမကတော့ မပြောတော့ပါဘူး မမတို့တစ်ခါလာတိုင်း တစ်ဆိုင်ခေါ်သွားနေတာ ရန်ကုန်တစ်မြို့လုံးတောင်ကုန်ပြီမှတ်တယ်"
"အဲ့တာတော့စိတ်ချ မမညီမက အဲ့လိုနေရာမှာဆရာကြီးလေ"
မေမေတို့ညီအမတွေကတော့ စကားကောင်းနေကြပေမယ့် အန်ကယ်လေးနှင့်ဖေဖေကတော့ငြိမ်ချက်သားကောင်းလှပေသည်။အန်ကယ်လေးကတော့ ကားမောင်းနေလို့ထင်သည် အန်တီလေးတို့စကားပွဲကိုအာရုံသိပ်မပြုပေ။ဖေဖေကတော့ မေမေတို့စကားကို နားထောင်ရုံမျှသာ၊လင်းလည်းဖေဖေ့နည်းတူပင်။ဖူးလေးကတော့ နားကြပ်တပ်ကာ သီချင်းနားထောင်နေသည်။
အန်တီလေးပြောသည့် နေရာသို့ရောက်ပြီဖြစ်တာမို့ လင်းတို့မိသားစုဝင်လာခဲ့ကြသည်။ဆိုင်လေးရဲ့အပြင်အဆင်လေးကတော့မဆိုးဘူးပြောရပေမည် ၊ classic ဆန်ဆန်လေးနှင့် အေးအေးဆေးဆေး chill လို့ရမဲ့ပုံဆန်လေးပင်။အပြင်ဘက်မှာဆိုလဲ သီးသန့်ပုံစံ စားပွဲလေးတွေ ခင်းထားသေးသည်။လင်းကြိုက်တဲ့အချက်က စစဝင်လာချင်းကထဲကတွေ့ရတဲ့ ပဒုမ္မာကြာပန်းအိုးလေးတွေပင်။အဖြူရောင်ရဲ့အလှတရားကိုမှ ပန်းရောင်လေးတွေကထပ်ကဲပေးထားပြီး၊ရိုးတံနှင့်ဖက်ရွက်စိမ်းတို့ကြောင့် ပြည့်စုံသွားသလိုပင်။ပြီးတော့ဝိုင်းတွေရဲ့ထိပ်ဆုံးမှာတီးဝိုင်ရှိသည်တဲ့လေ၊ မသိလိုက်ခင်မှာပင် လင်းပြုံးမိသွားသည်။ဘာလို့ဆို သီချင်းတွေနားထောင်ရတာကလဲ လင်းကြိုက်တဲ့ဝါသနာတစ်ခုပင်။
BẠN ĐANG ĐỌC
မမေ့ရက်ခဲ့သော (Ongoing)
Lãng mạnထိုနေ့က မတော်တဆမှုလေးဖြစ်ခဲ့ရသည်။ ထိုမတော်တဆကလေးကပဲ ကျမဘဝကိုပြောင်းလဲပြစ်လိုက်တော့သည်။ ထိုမတော်တဆရေစက်ကြောင့်ပေါ့လေ အင်း ထိုရေစက်လှလှကလေးကြောင့်....
