part 2

9 1 2
                                    

"ကဲရောက်ပါပြီဗျာ"

အိမ်ရောက်ပြီဖြစ်တာကြောင့် လင်းလဲ ကားပေါ်မှဆင်းကာ အန်တီလေးတို့ကတော့ အိမ်ထဲအရင်ဝင်နှင့်သွားခဲ့ကြသည်။လင်းရဲ့အထုပ်အပိုတွေက လင်းပြန်မလာခင် ၁လအလို‌လောက်ထဲကပို့လိုက်တာမို့ လင်းမှာကြီးကြီးမားမား သယ်စရာမရှိ။လင်းကတော့ ခြံထဲလေကောင်းလေသန့် ရှူချင်တာကြောင့် အိမ်ထဲတန်းမဝင်ပဲ ခနနေခဲ့သည်။

အန်တီလေးတို့က ခြံအသစ်အိမ်အသစ်ပြောင်းလိုက်ကြသည်ထင်သည်လင်းအရင်ကခနခနလာနေကျအိမ်မဟုတ်တော့ပေ။အရင်အိမ်မှာ နှစ်ထပ်တိုက်ကိုမှခြံဘေးမှာ မြေကွက်လပ်အလွတ်သိပ်မရှိပေ။ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့အတော်နေလို့ကောင်းခဲ့သည့် နေရာပင်။

အခုခြံကတော့ပိုကြီးသည် ၂ထပ်တိုက်ကိုမှ ခြံရှေ့တွင် ဥယျာဉ်ငယ်လေးတစ်ခုရှိသည် အိမ်ရဲ့ဘေးတွင်တော့ ဂိုထောင်ပုံစံ အဆောက်အဦးတစ်ခုရှိလေသည်။အိမ်ကလဲအရင်အိမ်ထက်ကြီးသည်ပင်။ခနအကြာတော့ လူလည်းပင်ပန်းလာတာမို့ အနားယူရန်အိမ်ထဲ အဝင်တစ်အိမ်လုံးအမှောင်ကျသွားတော့သည်။

"ဟာ မီးပျက်သွားပြီ အန်တီလေးရေ အန်တီလေး
လင်းကိုမီးထွန်းပြပါဦး မှောင်နေတော့ ဘာမှမမြင်ရဘူး"

လင်းအော်ပြောပေမယ့် အန်တီလေးကော အန်ကယ်လေးကောဖူးလေးတို့ရဲ့ ပြန်ဖြေသံတောင်မကြားရပါ။
လင်းကသရဲကြောက်တက်တာမို့ အခုလိုမှောင်နေရင် အရမ်းကြောက်တာပင်။

"အန်တီလေး အန်ကယ်လေး မီးထွန်းပြကြပါဦး ဖူးလေးရေ မမကိုလာကယ်ပါဦး အဟီး "

ကြောက်ကြောက်နှင့် လင်းငိုသံတွေပါထွက်လာတော့သည်။ထိုအချိန် မီးကရုပ်တရပ်ပြန်လင်းလာပြီး လင်းဘေးနားမှာ လူနှစ်ယောက်ရောက်နေကြသည်။
လင်းမောကြည့်လိုက်တော့

"အမလေး"
"ဟင် ဖေဖေ ၊မေမေ ! "

"ဟား ဟား ဟား ဟား"

အကုန်လုံးက လင်းကိုကြည့်ကာ ဝိုင်းရယ်ကြတော့သည်။ထိုအခါမှလင်းသိလိုက်သည်က ပူးပေါင်းကြံစည်မှုပင်။အန်တီလေးလက်ချက်ဆိုတာ မပြောလဲလင်းသိလိုက်သည်။
လင်းလည်း ဝမ်းသာဝမ်းနည်းဖြင့် ဖေဖေမေမေတို့ကို ပွေ့ဖက်ပြီး ငိုမိလိုက်သည်ထင်သည်။

မမေ့ရက်ခဲ့သော (Ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ