"ကြွရောက်လာကြသော ဧည့်သည်တော်များအား ပထမဦးစွာ ရှင်းအနေဖြင့် ကျေးဇူးတင်စကားလေးဖြင့်နှုတ်ခွန်းဆက်ပါရစေ"
"ရှင်းက ဒီSMT Restaurant ရဲ့ပိုင်ရှင် ရှင်းမြတ်သော်ပါ။အခုလိုရှင်းတို့ရဲ့ SMT ကို လာရောက်စားသုံးပေးကြတဲ့အတွက်ကော ရွေးချယ်ပေးကြတဲ့အတွက်ကော ရှင်းတို့ဘက်ကနေအထူးကျေးဇူးတင်အပ်ပါတယ်"
ရှင်းပြောနေစဉ်အတွင်းမှာပဲ ဆိုင်မှ waiter လေးများကဧည့်သည်ဝိုင်းများသို့ အအေးခွက်လေးများလိုက်လံဧည့်ခံပေးနေတော့သည်။
"အခုဧည့်ခံပေးတဲ့drink လေးက ရှင်းတို့ရဲ့ new drink menu လေးပါ၊ ရှင်းတို့ဘက်ကနေ မေတ္တာဖြင့် ဧည့်ခံခြင်းဖြစ်ပါတယ်ရှင်"
"ဒီညအတွက် ရှင်းကသီချင်းလေးတစ်ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေပေးပါရစေ၊ဟုတ်ကဲ့ အေးအေးဆေးဆေး သုံးဆောင်ကြပါဦးနော်"
ရှင်းမိတ်ဆက်ပြီးတော့ တီးဝိုင်းဘက်မှ သီချင်းသံစဉ်တို့အစချီလာတော့သည်။
"" ကျိန်စာလား ရပ်မသွားတဲ့
ခံစားချက်ပေါင်းများစွာနဲ့
စူးရှတဲ့မျက်ဝန်းတစ်စုံ မင်းချန်ခဲ့
မူမပိုင်တဲ့ မျက်ဝန်းအတွက်
ကြိတ်ပြီး ရူးခဲ့ရပေမယ့်
နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေ
တွေးပူနေ...
ဟန်မဆောင်တဲ့ အချစ်တွေနဲ့
ရင်ထဲက စောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ ချင်ပေမယ့်
မသေချာတဲ့ အချစ်တွေနဲ့
ပစ်သွားမလား စိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ပြောနေမိခဲ့..
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း
အာရုံမှာညိတဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
နေ့တွေညတွေ မှားသွားခဲ့
ချိုမြိုန်သာယာလေသော မင်းမျက်ဝန်း
ရင်မှာနှောင်ကြိုးဖွဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
မင်းရဲ့ မင်းရဲ့
ESTÁS LEYENDO
မမေ့ရက်ခဲ့သော (Ongoing)
Romanceထိုနေ့က မတော်တဆမှုလေးဖြစ်ခဲ့ရသည်။ ထိုမတော်တဆကလေးကပဲ ကျမဘဝကိုပြောင်းလဲပြစ်လိုက်တော့သည်။ ထိုမတော်တဆရေစက်ကြောင့်ပေါ့လေ အင်း ထိုရေစက်လှလှကလေးကြောင့်....
