17 .7 .2018
"လင်းရေ အောက်မှာ နွယ်တို့ရောက်နေပြီနော်"
"ဟုတ်ကဲ့မေမေ လင်းအခုပဲဆင်းခဲ့မယ်လို့နော်"
နွယ်ကစာရေးဆရာမအရမ်းဖြစ်ချင်တဲ့သူပင်။ မောင်နှစ်မ နှစ်ယောက်ရှိပေမယ့် အငယ်ဖြစ်တဲ့မောင်လေးကသဘ်ောသားတစ်ယောက်ပင်။ဒါကြောင့်အကြီးဖြစ်တဲ့နွယ်ကပဲ မိဘတွေရဲ့လုပ်ငန်းကို ဆက်ခံထားသည်။သို့ပေမဲ့လည်း နွယ်ကသူ့ဝါသနာကိုတော့မစွန့်လွတ်ခဲ့ပါ ၊အချိန်ရတိုင်းစာတွေရေးသည်လေ။
ဒီနေ့ကလည်း သူ့ရဲ့စာမူတွေကို ထုပ်ဝေခွင့်ရခဲ့သည်မို့
ဂုဏ်ပြုပွဲလေး လုပ်ခြင်းပင်။
"ဟောလာပါပြီ"
"မိလင်းရယ် ပြင်ပြင်မပြင်ပြင် ဒီပုပ်ထဲကဒီပဲပါပဲဟယ်၊ဒီလူတွေနဲ့ပဲတွေ့ရမှာကို"
"ဟဲ့ နွယ်နော် ငါမကိုက်ချင်သေးဘူး၊ ဒီလူတွေဆိုပေမယ့် ငါနဲ့ကအခုမှပြန်တွေ့ရမှာလေ"
"ဟားဟား လာလာသွားရအောင်၊အရှေ့မှာ တို့ညီမဝမ်းကွဲလေးစောင့်နေတယ်"
"လင်းတို့သွားပြီနော် မေမေ"
"အေးအေး နောက်မကျစေနဲ့ဦးနော်"
အဲ့တာသာကြည့်တော့ မေမေတို့ကခုထိလင်းကိုကလေးလိုမြင်နေကြတုန်းပင်။ဒါလည်းတွေးကြည့်ရင် ကြည်နူးစရာပါပဲလေ။
"ရှင်းရေ သွားကြမယ်"
"ဟုတ် မနွယ်လာပြီ"
"ဟင် အ အမ"
"ဟင် မင်း"
လင်းတို့အိမ်ထဲကထွက်လာတော့ကားရှေ့နားမှာမိန်းကလေးတစ်ယောက်ရပ်နေသည်။နွယ်ပြောသည့်သူ့ညီမဝမ်းကွဲဖြစ်မည်။သူက တစ်ဖက်ကိုလှည့်ကာ ဖုန်းပြောနေသည်မို့ ဘယ်သူဘယ်ဝါဆိုတာ လင်းသေချာမသိရပေ။
နွယ်ပြောလို့ လှည့်လာကာမှ သူဖြစ်နေသည်။လင်းသူ့ကို တစ်ခါသာဆုံဖူးပေမယ့် ကောင်းကောင်းမှတ်မိပါသည်။
"ရှင်တို့နှစ်ယောက်က သိနေကြတာလား"
"သိတယ်တော့မဟုတ်ပါဘူး တစ်ခါဆုံဖူးတာပါ"
"ဟုတ်လား ဘယ်လိုဆုံကြတာလည်း ဒီမှာပဲလား"
"ရန်ကုန်မှာ မနွယ် အဲ့နေ့က ဒီကအမတို့မိသားစုက ရှင်းရဲ့ဆိုင်မှာ လာအားပေးသွားတာလေ"
YOU ARE READING
မမေ့ရက်ခဲ့သော (Ongoing)
Romanceထိုနေ့က မတော်တဆမှုလေးဖြစ်ခဲ့ရသည်။ ထိုမတော်တဆကလေးကပဲ ကျမဘဝကိုပြောင်းလဲပြစ်လိုက်တော့သည်။ ထိုမတော်တဆရေစက်ကြောင့်ပေါ့လေ အင်း ထိုရေစက်လှလှကလေးကြောင့်....
