part7

8 0 0
                                    

ဒီနေ့တော့ရွှေမော်ဓောဘုရားပေါ်၌ ရှင်းတစ်ယောက်တည်းသာ။ညနေခင်းနေဝင်ချိန်ဖြစ်တာမို့ ပတ်ဝန်းကျင်ကတော့သာယာနေသလိုပင်။ ဘုရားရင်ပြင်တော်ပေါ်မှာမို့လို့လည်းပါမည်ထင်သည်။ဘုရားရိပ်တရားရိပ်ကား အေးချမ်းသည်ဟု လူကြီးများပြောသည်မို့လေ။တည်ပင်လေးတွေဘေးပတ်လည် ထိုင်ခုံတန်းလေးမှာ ထိုင်ရင်းမျက်လုံးမှိတ်ကာ ခေါင်းလောင်းသံကိုနားစွင့်နေမိသည်။

"ရှင်း မဟုတ်လား"

ရှင်း နာမည်ကိုခေါ်သံကြားတာမို့ မှိတ်ထားတဲ့မျက်လုံး တွေဖွင့်ကြည့်လိုက်စဉ် ထိုမျက်ဝန်းများနှင့်ဆုံလေသည်။

"ဒီမှာထိုင်မယ်နော် ရတယ်မဟုတ်လား"

သူမဟာပြောရင်းနှင့်ပင်ဝင်ထိုင်လေသည်။
ရှင်းဆီကဘာသံမထွက်လာသေး၊ သူမကရှင်း သိပ်တွေ့ချင်နေတဲ့သူပါပဲမဟုတ်လား၊မလင်းလေ ဟုတ်ပါရဲ့ မလင်း။ရန်ကုန်မပြန်ခင်တော့ နောက်တစ်ခေါက်ရှင်းသွားတွေ့မယ်လို့ဆုံးဖြတ်ထားပေမယ့် ရေရေရာရာအကြောင်းပြချက်မရှိတာမို့ မသွားဖြစ်။သို့သော် မမနွယ်ရဲ့ပွဲပြီးနောက်နေ့တွေကထဲက ရှင်း မလင်းကိုသဝိရနေမိသည် ၊တွေ့လည်း‌ထပ်တွေ့ချင်နေမိသည်။အခုလည်း မလင်းက ရှင်းရဲ့ဘေးနားမှာလာထိုင်နေသည်ဆိုတာ မယုံနိုင်ဖြစ်နေသေးသည်။

"အင်း အေးချမ်းလိုက်တာနော် ငယ်ငယ်ကခနခနရောက်ဖြစ်ပေမယ့် ကလေးမို့ထင်တယ် အခုလိုသေချာမခံစားတက်ခဲ့ဘူး၊ ဒါနဲ့ရှင်းကော ဘာလုပ်နေတာလည်း တစ်ယောက်တည်းလား"

"ဪ ဟုတ်၊ရှင်းတစ်ယောက်တည်းပါ မလင်း၊ မမနွယ်က မအားတာနဲ့ရှင်းလည်းတစ်ယောက်တည်းထွက်လာလိုက်တာ "

နှစ်ဦးလုံး တိတ်ဆိပ်သွားပြန်သည်။ရှင်း မဝံ့မရဲ့နှင့် မလင်းကို ခိုးကြည့်မိတော့ မလင်းကပတ်ဝန်းကျင်ကိုသာငေးလို့နေသည်။အတော်ကြည့်လို့လှသည့် မိန်းမပင်။ဘယ်ဘက်ရင်အုံကအကောက်ပေါက်ကလည်း တဒုတ်ဒုတ်နှင့်ပင်။

"ဒါနဲ့ ရှင်းပြီးရင် ဘယ်သွားစရာရှိသေးလည်း မရှိတော့ဘူးဆိုရင် မလင်းနဲ့လိုက်ခဲ့ပေးပါလား တစ်ယောက်တည်းဆိုတော့ပျင်းသလားလို့လေ"

မမေ့ရက်ခဲ့သော (Ongoing)حيث تعيش القصص. اكتشف الآن