part 5

7 1 0
                                    

9 .7 .2018 / 7:00 AM

"ရှင့်မလည်းနော် အခုမှပဲရောက်လာတော့တယ်၊ဖုန်းဆက်‌တုန်းကဖြင့် နက်ဖြန်ဆိုလာတော့မဲ့ပုံနဲ့"

"ဟိုး ဟိုး နောက်မှ အပြစ်ပြောပါနွယ်ရယ် အခုရှင့်အိမ်ရောက်ဖို့တောင် မနည်းရှာလိုက်ရတာ ကိုယ်လမ်းတွေမမှတ်မိတော့ဘူးလေ ရှင်ကလာမခေါ်ဘဲလိပ်စာပဲပြောတော့ ကျမမှာ ခေါင်းတောင်မူးလာတယ် သိလား"

"ဒါကတော့ ရှင့်ကိုအပြစ်ပေးချင်လို့လေ"

"နွယ်ရယ် မင်းကလည်း စိတ်မကောက်ပါနဲ့တော့ ရော့ဒီမှာ နွယ့်အတွက်လက်ဆောင်၊တို့လည်း ဖုန်းဆက်ပြီးနောက်နေ့ပြန်မယ်ထင်နေတာ၊‌ဒါပေမယ့် မေမေတို့က ၂ရက်လောက်နေပြီး ရန်ကုန်မြို့နေရာအစုံလျှောက်လည်ချင်တယ်ဆိုလို့လေအဲ့တာကြောင့်ကြာသွားတာပါ"

"အင်း အင်း ရပါပြီ တို့အတွက် အဓိက‌မျှော်နေတာပါလာပြီမို့ ကျေနပ်ပေးလိုက်မယ်"

နွယ်က လင်းပေးသော လက်ဆောင်ထုပ်ကို ပိုက်ကာပျော်ရွှင်စွာပြော၏

"ဒေါ်သမုဒယနွယ်တို့များ အရင်အတိုင်းပါပဲနော် ဟင့်၊မပြောကိုမပြောချင်ဘူး"

"ကဲပြောချင်လည်းနောက်မှပြော အခုရှင်လဲ နံနက်စာမစားလာဘူးမို့လား "

"ရှင်ပဲ ကျမအကြိုက်ခေါက်ဆွဲချက်ထားတယ်ဆို အဲ့တာကြောင့်မစားလာဘူး"

"လာသွားစားကြမယ် နောက်မှစကားတွေတဝကြီးပြောမယ် အခုတော့ ဗိုက်အရင်ဖြည့်ရအောင်"

"သဘောတူတယ်"

သူငယ်ချင်းနှစ်ယောက် နံနက်စာစားပြီး ရှေ့ဟောင်း‌ နှောင်းဖြစ်များ ပြောကာစကားကျနေကြသည်။

"ဒါနဲ့ နွယ် အန်တီတို့ကော မတွေ့ပါလား"

"အင်း ဖေဖေမေမေတို့က အရင်အိမ်မှာပဲနေတာ၊ဒီမှာတော့ ကိုယ်တစ်ယောက်တည်းနေတာရယ်"

"ရှင့်အစားအထီးကျန်လိုက်တာနွယ်ရာ အဖော်လေးဘာလေးမရှာဘူးလား"

"မရှာချင်ပါဘူးဟယ် အပူတွေပါတစ်ယောက်တည်းနေရတာလွတ်လပ်တာကို"

"ရှင့်ကြိုက်မယ့်သူမရှိလို့ မဟုတ်လား"

"အမယ် အမယ် မိလင်းနော် ရှင့်မှာ ကိုခန့် ရှိတယ်ဆိုတိုင်းမနှိပ်ကွပ်နဲ့ တို့ကိုကလေကြိုက်တဲ့သူတွေကများလို့ပါနော် ဘယ်သူ့မှစိတ်မဝင်စားတာမို့"

မမေ့ရက်ခဲ့သော (Ongoing)Hikayelerin yaşadığı yer. Şimdi keşfedin