မင်းတစ်ယောက်သာ💕Part4

240 3 0
                                    

Part4

နောက်နေ့မနက်တွင်.....
မာန်တယောက် ဦးထင်ကျော်ပေးလိုက်သည့် လိပ်စာအတိုင်း ရောက်လာခဲ့သည်။

ဦးအောင်မြင်တို့ခြံစောင့်က......အေးလာငါ့တူ ဆရာကကြိုပြောထားတယ် ဝင်ခဲ့ဆိုကာ လိုက်သွားသည်။

အိမ်ကြီးကခန့်နားပြီး ခြံထဲလည်းအပင်မျိုးစုံစိုက်ထားကာ နေခြင်သဖွယ်လေးသဖွယ်...............။

ဦးအောင်မြင်က ဒီကထင်ကျော်လွှတ်လိုက်တဲ့ သူလားကွဲ့။
ဟုတ်ကဲ့ဆရာလွှတ်လိုက်တာပါ။
နာမည်က.............?
ကျွန်တော့်နာမည် မာန်ပါ ........
အသက်ကရော........?
ကျွန်တော့ အသက်၂၃ပါ ခင်ဗျာ။။

ဦးအောင်မြင်တစ်ယောက် မာန်ကို သေချာကြည့်ကာပုံစံကတော့မဆိုးပါဘူးးးး။

မင်းကားရောသေချာမောင်းတတ်တယ်နော်....

ဟုတ်ကဲ့ကျွန်တော်သေချာမောင်းတတ်ပါတယ်ဗျ။
အေးဟုတ်ပါပြီဒီနေ့ကစပြီးအလုပ်စဆင်းလေ ဒီအိမ်မာဘဲနေပေါ့............... မင်းကိုဒီက ဦးလေးမန်းကနေစရာလိုက်ပြလိမ့်မယ်။

ဦးလေးမန်းဆိုတာဒီအိမ်ရဲ့ ခြံစောင့်တယောက်ပါ.
ခြံထဲကပန်းပင်တွေရယ် အိမ်လူအိမ်သားတွေပြန်လာရင်.......တံခါးဖွင့်ရတဲ့ အလုပ် လုပ်ရသူပါ"
လုပ်သက်ကြာတော့ အိမ်ရဲ့လူယုံလည်းဖြစ်တာပေါ့။

အေးဒီမှာငါ့တူနေရမယ့်အခန်းကဒီမှာဘဲ.....ပစ္စည်းတွေချပြီးနားလိုက်အုန်းနော် ပြီးရင်ကား‌ေရ‌ေဆးရမယ်ပြောပြီး ဦးမန်းထွက်သွားလိုက်သည်။

ခနကြာ ကားရေဆေးဖို့ မာန်တယောက်ထွက်လာလိုက်သည်။။။။။

ဒီနေ့တော့စိမ်းမြတ်ချယ်တယောက် အလုပ်ပိတ်တော့ အိပ်ရာကမထ...... ခနနေတော့မှထကာ.....
"မာမီ မနက်စာ ဘာလုပ်ထားလဲမေးကာ မီးဖိုချောင်ထဲဝင်လာလိုက်သည်"။

မယ်မင်းကြီးမ နိုးပါ့လား။ မနက်စာကတော့ နန်းကြီးသုတ်ထားတယ် စားတော့မလား.....။
မာမီပြင်ပေးမယ်ဆိုကာ။
ဟုတ်မာမီစားတော့မယ်......လို့ မိခင်ဖြစ်သူပြောပြီး။

ဒေါ်မေသူလည်း သမီးစားဖို့လုပ်ပေးနေသည်........။
ဒီနေ့သမီး အိမ်ကိုDriverအသစ်တယောက်ရောက်နေတယ် သမီးDaddyပြောတဲ့ကိစ္စလေ....... သမီး ကားကိုမောင်းပေးဖို့။
ဟင်မြန်သာ Daddyကလည်း မနေ့ကပြော ဒီနေ့ချက်ခြင်းကြီး.......
သမီး Daddy အကြောင်းလည်းသိသားဘဲကိုး

စိမ်းတစ်ယောက်မနက်စာစားအပြီးး သူ့အချစ်ရဆုံးခွေးလေး ရမ်ဘိုနဲ့ ခြံထဲကစားရန်ထွက်လာခဲ့သည်။

ရန်ဘိုက Golden Retriever တစ်ကောင်ဖြစ်ပြီး......အစားသန်အဆော့သန်ပေါ့။
ကားရေဆေးနေတဲ့မာန်ကို စိမ်းတယောက်မြင်ကာ.....
Daddyခန့်တဲ့ သူက မင်းလားဆိုပြီး မာန်နားကိုသွားကာမေးလိုက်သည်။။

မာန်တယောက်ပြုံးပြပြီး....... ဟုတ်ပါတယ်ခင်ဗျ....ဟု့ပြန်ပြောလိုက်သည်။။
စိမ်းမြတ်ချယ်ကတော့ ပုံမှန်အတိုင်း သူ့ခွေးလေးနဲ့ဆော့နေလေသည်။။။။

မာန်ကားရေဆေးရင်းနဲ့သူမလေးကိုကြည့်ရင်း.......လှရက်လိုက်တာနဲ့စိတ်ထဲကပြေကာ...............ရင်ခုန်နေတော့သည်။။

ဒီလိုနဲ့ နောက်ရက်တွေလည်းစိမ်းမြတ်ချယ်ကိုဆေးရုံပို့ဆေးရုံကပြန်အိမ်ပို့ကလွဲလို့............ ပုံမှန်အတိုင်း
ကားပေါ်ရောက်တာနဲ့ စိမ်းမြတ်ချယ်က ဖုန်းသုံးနေရင်းကလွှဲရင် ဘာမှမပြော..........

မာန်သူမလေးကို ကားပေါ်ရောက်တာနဲ့ ကားမာန်ကနဲ့‌ကြည့်ရုံကလွှဲ ဘာမှမတတ်နိုင်.........သူမမျက်နှာလေးနဲ့....... သူမနှုတ်ခမ်းဖူးဖူးလေးအား သူ့ရင်ကို အရိုင်းဆန်စေသည်။

တ‌နေ့ဦးအောင်မြင်အိမ်ကို....... မြန်မာနိုင်ငံမှာရှိတဲ့တော်တော်များများHotelတွေကို ....... ပိုင်ဆိုင်တဲ့ ATK Company ရဲ့ C.E.O ဦးသုခ အလုပ်ကိစ္စ နဲ့ အလည်ဝင်ရင်း

မာန်ကိုခြံထဲမှာကားရေဆေးနေတာတွေ့လိုက်သည်။
ကားရေဆေးနေတဲ့မာန်က.....အကျီစွပ်ကျယ်လေးသာ ဝတ်ထားတော့ နောက်ကျောဘက်ကအမှတ်ကိုအထင်သား ဦးသုခ တွေ့လိုက်ရသည်။။

တွေ့တွေ့ခြင်း.....အံဩကာ ရပ်နေတဲ့ဦးသုခကို
ဦးအောင်မြင်က ဟေ့ဦးသုခ လာလေဆိုမှ
အတွေးနယ်ချဲ့နေတာရပ်ကာ လိုက်သွားတော့သည်။။။။။။

မင်းတစ်ယောက်သာ💕Where stories live. Discover now