မင်းတစ်ယောက်သာ💞Part14

291 2 0
                                    

Part14



စိမ်းမနက်ခင်းနိုးလာတော့ ဘေးမှာအိပ်နေတဲ့မာန်ကိုမတွေ့တော့ ‌မနေ့ကပြောထားတဲ့အလုပ်ကိစ္စကြောင့်ခရီးသွားပြီမှတ်လို့်သည်....မာန်မရှိတော့ ပိုလွတ်လပ်သလိုခံစားရပြီး....စိတ်ထဲပျော်နေလေသည်...။

"ခုမှဘဲငါ့စိတ်လေးတွေ အနားပေးရတော့မယ်..။ခုတော့ဆေးရုံသွားဖို့နောက်ကျတော့မှာဘဲ"
ဆိုကာ မနက်စာကိုဒေါ်မြပြင်ပေးထားတဲ့ မုန့်တီသုတ်လေးကိုငဗျာကယာစားပြီးဆေးရုံကိုထွက်ခဲ့ရသည်..။
နေ့ခင်းဆိုလည်းအိမ်ပြန်ထမင်းစားသည်.ညနေရောက်တော့ရေချိုးအနားယူနဲ့ စိမ်းမြတ်ချယ်တစ်ယောက် လွတ်လပ်ပြီးပျော်နေလေသည်။

အရင်ကဆို သူဘာလုပ်လုပ် နောက်ကနေလိုက်ပြောတတ်ပြီး အစာစားရင်လည်းဟိုဟာမစားနဲ့ဒီဟာမစားနဲ့ပြောမဲ့သူမရှိတော့ပေါ့ပါးနေတော့သည်။

တီ.....တီ.....ဖုန်းဝင်လာသောကြောင့်စိမ်းဖုန်းကိုင်လိုက်သည်.။
"ဟယ်လိုစိမ်း...မောင်ပါ..။"
"အင်းပြောလေ"
"စိမ်းညနေစာစားပြီးပြီလား"
"အင်းခုနကဘဲပြီးတယ် ခု‌နားတော့မို့"
"မောင်နောက်ပတ်ထဲကျပြန်လာတော့မှာနော်"
"အင်း"
"မောင်ခုရက်ပိုင်းမအားလို့ဖုန်းမဆက်တာနော်..စိတ်ဆိုးမနေနဲ့အုန်း..မောင်ကမောင့်မိန်းမလေးကိုလွမ်းနေတာ..နောက်ပတ်ကျမှအလွမ်းသယ်တော့မယ်ချစ်တယ်မွ"
"အင်းအာဆိုဒါဘဲနော်"

ဖုန်းချချပြီးခြင်းစိမ်းမြတ်ချယ်မျက်နှာပြုံးသွားကာ ရင်ဘတ်ထဲကလည်းတဒုတ်ဒုတ်နဲ့ခုန်လာတော့သည်။
"ငါဘာဖြစ်တာလဲဒါရင်ခုန်တာလား..မဖြစ်ရဘူး...သူရိန်နဲ့တုန်းကတောင်ဒီလိုမဖြစ်ဖူးဘူး"
ရင်ဘတ်ကိုလက်နဲ့အုပ်ကာ အဖြေရှာနေမိတော့သည်။

"သူဌေး‌ေလး....ရန်ကုန်လေဆိပ်ကိုရောက်ပါပြီ"
"အေးဟုပြီ"
"ကုမ္ပဏီကိုတန်းသွားမလားသူဌေးလေး"
"မသွားပါဘူး...မင်းကလည်းငါ့မိန်းမကိုလွမ်းနေပြီ"
"အဟွန့် သူဌေးတို့ကရောက်မှမရောက်သေးဘူး"
"ပြုံးကြည့်မနေနဲ့ယျောင့် သွားမယ်ငါ့အိမ်ကိုမောင်း ဒီနေ့စိမ်းဆေးရုံပိတ်တယ်ဆိုတော့ အိမ်မှာဘဲရှိလိမ့်မယ်..အမေတို့ကိုငါခုဖုန်းဆက်လိုက်မယ်ပြန်ရောက်ကြောင်းကို မင်းကအိမ်ဘဲမောင်း ပြီးရင်ကုမ္ပဏီသွားမင်းက"

မင်းတစ်ယောက်သာ💕Where stories live. Discover now