Part15
"စိမ်း...မောင့်မိန်းမလေး..စိမ်းဗိုက်ထဲမှာ မောင့်ရင်သွေးလေးလွယ်ထားရတယ်တဲ့...ပျော်လိုက်တာ စိမ်းရယ်"
စကားပြောရင်းစိမ်းဗိုက်ကလေးကို ကိုင်ကာလက်လေးကိုလည်းတဖွဖွနမ်းပြီးပြောနေသေးသည်။"စိမ်းမပျော်ဘူးလားဟင်"
"မပျော်ပါဘူးဒီကလေးက ငါအရမ်းလိုခြင်လို့ရတာမှမဟုတ်တာ"
"ဘာ...စိမ်း...တော်တော့ မောင်စကားမများခြင်ဘူး...မိဘတွေကိုမောင်ဖုန်းဆက်လိုက်အုန်းမယ်...ပြီးရင်တခုခုစားဖို့ မောင်ယူလာခဲ့မယ်"တကယ်တော့ စိမ်းမြတ်ချယ် မာန်ကိုစလိုက်တာဖြစ်သည် စိတ်မကောင်းဖြစ်သွားသော်မျက်နှာနှင့်ဒေါသသံပါသောစကားသံကိုကြားတော့ စိမ်းမြတ်ချယ်ရင်ထဲစိတ်မကောင်းဖြစ်သွားရသည်။ စိမ်းမြတ်ချယ်လည်းမာန်ကိုချစ်နေပြီမို့ ဒီကလေးကို မလိုခြင်ဘူးပြောတာ လိမ်တာအမှန်ပင်.။တကယ်တော့မာန်ကို ချက်ခြင်း စိတ်ဖြေကိုက ခက်နေတာရော ချစ်နေတာကိုသူသိမှာဆိုးလို့ရှက်ကို့ရှက်ကန်းဖုံးဖိနေတာရော ပါနေသည်။
စိမ်းသူ့မဗိုက်သေးသေးချပ်ချပ်လေးကို ကိုင်လာပြီး
"ကလေးလေး ရေ ကလေးလေးရဲ့ဖေဖေက မေမေ့ကို စိတ်ဆိုးသွားပြီ ကလေးလေးကိုမေမေမလိုခြင်လို့ပြောတာမဟုပါဘူးနော် ကလေးလေးဖေဖေကို အမြင်ကပ်လို့စလိုက်တာပါနော် စိတ်ဆိုးနဲ့နော် မေမေရဲ့လေးလေး"မာန်၂ဖက်မိဘကို ဝမ်းသာအားရပြောပြနေသည်။ ခနနေရင် အိမ်လာခဲ့မယ်ဆိုပြီး ဦးသုခ နဲ့ ဦးအောင်မြင်တို့ ချိန်းနေကြသည်ပင်..။
"စိမ်း...ခနနေရင် စိမ်းမိဘတွေကော မောင့်မိဘတွေကော လာလိမ့်မယ် စောင့်နေ ခုစိမ်းစားဖို့တခုခုသွားဝယ်လိုက်အုန်းမယ် ခုနဟာတွေကအစပ်တွေပါတာမို့ တည့်တဲ့ဟာဝယ်ခဲ့မယ်"
မျက်နှာကြီးဆူပုတ်ကာပြောနေသောမာန်ကို စိမ်းရီခြင်နေသောစိတ်မနည်းထိန်းထားရသည်...။ကေလးကခုမှ ကိုယ်ဝန်ရှိကာစကိုလုံးဝအစမခံသော မာန်ပါ...။
ခနအကြာ မိဘတွေ ရောက်လာတော့ ဒေါ်မြလာခေါ်တာကြောင့်စိမ်းအောက်ကိုဆင်းခဲ့လိုက်သည်...။"Daddy....Mommy"
ပြေးဖက်သော်ကြောင့်
"ဟဲ့ဟဲ့ သမီး ပြေးမလာနဲ့လေ ကိုယ်ဝန်ကြီးနဲ့ဆို သမီးကလည်း"
"Mommy ကလည်း ကိုယ်ဝန်ကြီးမဟုပါဘူး ခုမှစရှိခါစ ကိုယ်ဝန်လေးပါ"
"သမီးနေကောင်းတယ်မလား"
"ဟုတ်ကောင်းတယ်အန်ကယ်သု့ခ"
"ဒါနဲ့သားကောမတွေ့ပါလား"
ဒေါ်သူဇာအမေးကြောင့်
"ဟုတ် မာန်က အန်တီတို့စားဖို့ တခုခုသွားဝယ်တယ်ရှင့်...ပြောရင်းဟိုမှာကားဝင်လာပြီ"
YOU ARE READING
မင်းတစ်ယောက်သာ💕
Romanceငါမင်းကိုမချစ်ပါဘူးဆိုတာကို မင်းငါကိုမရရအောင်အတင်းယူတာမရှက်ဘူးလားနင်အောက်တန်းကျလိုက်ကြည့်လား စိမ်းမြတ်ချယ် မောင်စိမ်းကိုရဖို့ဆိုလူတောင်သတ်ရဲတယ်ဆိုတာယုံထား စိမ်းကမောင့်အတွက်ဘဲ။ မာန် 18+လေးနည်း"ပါတာမို့အဆင်ပြေမှဖတ်ပါရှင့် ပထမဆုံးficလေးမို့ဝေဖန်ပေးကြပ့...