Part8
စိမ်းတို့ဆေးရုံကပေးတဲ့ ပရောဂျက်ဖြစ်တဲ့ ရှမ်းပြည်ဘက်ကရွာလေးမှာ တာဝန်ကျလို့ .........စိမ်းတယောက်စိတ်မပါလည်းသွားရမှာဖြစ်သည်။
သူရိန်မပါသောခရီးမို့ပို၍ပင်စိတ်ကမပါ......
သူရိန်လည်းရည်းစားရပြီကတည်းကသူကိုအရင်လိုMessengerမှာလည်းစကားလာမပြောတော့ ဖုန်းလည်းမဆက်တော့........
စိမ်းမှာအရမ်းခံစားနေပြီဖြစ်သည်........။
သူရိန်ကိုဖုန်းဆက်ပြီးး ဟယ်လိုသူရိန်ငါနင်နဲ့တွေ့ခြင်တယ် Dinnerတူတူလိုက်စားပေးမလား .......စကားလည်းပြောရင်းးးးးး
အတင်းတောင်းဆိုနေသောစိမ်းမြတ်ချယ်ကိုအားနာတာကြောင့် သူရိန်လက်ခံကာ လာမည်ဟု ပြောလိုက်သည်.....။စိမ်းမြတ်ချယ်တယောက်ဒီနေ့ သူရိန်ပေါ်ဖွင့်ပြောမည်ဖြစ်သည်.....အနည်းဆုံးတော့ သူငါ့ပေါ်သံယောဇဉ်ရှိသေးတယ် ......သူဘက်က စမပြောခဲ့လို့ သူလည်းရှက်ရှက်နဲ့နေရင်းခုလိုဖြစ်လာတာ...... တထစ်ချ အတွေးနဲ့ သူရိန်နဲ့တွေ့ဖို့ ဆုံးဖြတ်ခဲ့သည်.....။
သူရိန်......
အေးမြတ်ချယ်........။
ငါမှာစရာရှိတာတော့မှာထားတယ် အချိန်တော့သိပ်မရဘူး "နု" နေမကောင်းလို့ ငါသူ့ဆီသွားရအုန်းမယ်
"နု"ဆိုတဲ့အသံကြားတာနဲ့ စိတ်က အလိုလိုဒေါသထွက်သွားသော သူမနင်ကလည်း နေပါအုန်း အေးဆေးပေါ့ ငါနင်ကိုပြောစရာရှိလို့ခေါ်လိုက်တာ သူရိန် ငါနင်ကို ငယ်ကတည်းက ခိုးချစ်လာတာ နင်မသိဘူးလား......။
စိမ်းမြတ်ချယ်စကားကြား"ခြင်းသူရိန်တယောက် အံဩကာ ဘာဆက်ပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။အေးဟုတယ်.....နင်မသိတာလား သိရဲ့သားနဲ့ငါ့ခံစားချက်တွေ ထည့်မတွက်တာလား ဟမ်....
သူရိန်က ငါတကယ်မသိခဲ့တာပါ ပြီးတော့ ငါတို့ကအခင်ဆုံးသူငယ်ချင်းတွေမလား...........။
နင်ငါ့ခံစားချက်ကိုထည့်မတွက်ဘူး အရာရာနင်အတွက်အမြဲရှိနေပေးခဲ့တယ် ဘာတွေများသာနေလို့ "ရွက်နုဝါ"ကိုရွေးသွားရတာလဲ....သူရိန် သူ့ချစ်သူကို ခနဲ့ပြောလိုက်တဲ့စကားကြောင့်ဒေါသထွက်ခါ တိတ်စမ်းစိမ်းမြတ်ချယ်....
ငါချစ်သူက နင်ထက် ပညာရေးပိုင်းမသာပေမဲ့ ငါအရမ်းချစ်တဲ့သူမကို......။ နင်ကိုငါက သူငယ်ချင်းထက်မပိုဘူး ငယ်ကတည်းက သူငယ်ချင်းလို ညီမလိုဘဲ ခင်ခဲ့တာ......။
နင်နောက်ခါ ငါ့ချစ်သူကိုခနဲ့တဲ့စကားလာမပြောနဲ့.....။
YOU ARE READING
မင်းတစ်ယောက်သာ💕
Romanceငါမင်းကိုမချစ်ပါဘူးဆိုတာကို မင်းငါကိုမရရအောင်အတင်းယူတာမရှက်ဘူးလားနင်အောက်တန်းကျလိုက်ကြည့်လား စိမ်းမြတ်ချယ် မောင်စိမ်းကိုရဖို့ဆိုလူတောင်သတ်ရဲတယ်ဆိုတာယုံထား စိမ်းကမောင့်အတွက်ဘဲ။ မာန် 18+လေးနည်း"ပါတာမို့အဆင်ပြေမှဖတ်ပါရှင့် ပထမဆုံးficလေးမို့ဝေဖန်ပေးကြပ့...