မင်းတစ်ယောက်သာ💕Part5

248 3 0
                                    

Part5


ဦးအောင်မြင် ကျွန်တော် ခြံထဲကတွေ့ခဲ့တဲ့ကလေးကဘယ်သူများလဲ....တခါမှ မမြင်ဖူးဘူးနော်။

ဟုတယ်..... သူကကျွန်တော့် သမီးရဲ့Driverအသစ်။မာန်အကြောင်းပြောပြကာ..........

ဦးသု့ခလည်းခေါင်းညိမ့်ပြကာအလုပ်ကိစ္စပြောပြီးပြန်လာခဲ့သည်။

အိမ်ပြန်ရောက်တော့ ဦးသု့ခ ဇနီးဒေါ်သူဇာကိုခေါ်လိုက်တော့သည်။။။
ဘာများဖြစ်လာတာလဲ ဦးသု့ခရယ် သူဇာလန့်လိုက်တာ။
သားသားငါးတို့သားပြန်တွေ့ပြီ။
"ဘယ်လို" သေချာပြောပါအုန်း ရင်တွေတုန်သာ.....
သေသေချာချာတော့ မသိသေးဘူး....... ဒါပေမဲ့စိတ်က သူကိုမြင်မြင်ခြင်း တမျိုးဖြစ်သွားတာ။
ဘယ်မှာတွေ့တာလဲ သားကို သားကဘယ်လိုပုံစံလဲ။
ဦးအောင်မြင်အိမ်မှာတွေ့တာ သူဇာရေ.....

သူအိမ်ကကားDriverလုပ်နေတာတဲ့..... နောက်ပြီးစိတ်ဝင်စားစရာက သူကစွန့်ပစ်ခံရတဲ့သူ ဘုန်းကြီးကျောင်းမှာကြီစလာတာတဲ့............
ပြီးတော့သူ့နောက်ကျောမှာ အမှတ်ကြီးနဲ့။
ဒေါ်သူဇာတယောက်ကြားကြားခြင်း ဝမ်းသာမျက်ရည်တွေကျကာ....... သူဇာသားကိုတွေ့ခြင်တယ် သူဇာကိုလိုက်ပို့ပါနော်။

နေအုန်းသူဇာ ကိုယ်သေချာစုံစမ်းပေးမယ်နော်။
လိုအပ်ရင်DNAစစ်ပေးမယ်.....အတင်းမလောနဲ့အုန်း။
ဒေါ်သူဇာတစ်ယောက်သူ့သားကိုမွေးပြီးကတည်းက သူ့မိဘတွေ က သဘောမတူတဲ့သူကိုယူလို့ဆိုပြီး.....စွန့်ပစ်ခိုင်းခြင်းဖြစ်သည်။

နှစ်တွေကြာလိုက်ရှာသော်လည်း သူတို့သား၏အရိပ်ယောင်တောင်မတွေ့ရ.............။

ဒီနေ့စိမ်းမြတ်ချယ်တယောက်
သူမရဲ့တယောက်သောသူဖြစ်တဲ့နေသူရိန်ပြန်လာမှာဖြစ်လို့ ဝမ်းသာနေသည်.........။
မနက်စာစားဖို့ချိန်ထားတာကြောင့် စောစောအိပ်ရာထကာ အောက်သို့ဆင်းလာပြီးး
‌မာန်......မာန် အော်ကာ.....မာန် အော်ကာ
ဗျအမ............။
အေးကားထုတ်အပြင်သွားမယ်။
ဗျာ ဆေးရုံကစောသေးတယ်မလား အမ
လျှာရှည်တာအေ..... မနက်စာသွားစားဖို့ချိန်ထားလို့ မြန်မြန်ထုတ်....
အပျော်လွန်နေတဲ့ စိမ်းမြတ်ချယ်ကိုကြည့်ကာ

မာန်တယောက် ဘာတွေကြောင့်အရမ်းပြုံးနေတာလဲတွေးကာ စိမ်းမြတ်ချယ်ပို့ခိုင်းတဲ့ ဆီ လိုက်ပို့သည်။

ရောက်ရောက်ခြင်း မင်းလည်းဘာမှမစားရသေးရင်လိုက်ခဲ့ခေါ်ကာ ဝင်လာလိုက်သည်။
ဟေ့မြတ်ချယ်ငါဒီမှာ.......
အေးသူရိန် လက်ပြတဲ့သူရိန်ရှိရာ လာခဲ့လိုက်သည်။
အော်သူရိန် သူကမာန်တဲ့ ငါကားDriverလေ
မာန်ဒါကငါသူငယ်ချင်း ငယ်ကတည်းပေါင်းလာရတာ ဒေါက်တာနေသူရိန်တဲ့........။

မာန်တယောက် သူတို့ဝိုင်းရဲ့တဖက်မှာထိုင်ရင်း ပြုံးနေတဲ့စိမ်းမြတ်ချယ်ကိုကြည့်ရင်း.......... ရင်ထဲက အပူမီးက တောက်ကာ သဝန်တိုစိတ်ပျင်းပြနေသည်။
စိမ်းရယ်မင်းကသူနဲ့တွေ့ဖို့မနက်ကတည်းက ပြုံးနေတာလား ဟု့စိတ်ထဲကရေရွတ်လိုက်သည်။
စိမ်းမြတ်ချယ်က မာန်ကို ဒီနေ့ဆေးရုံကို ငါသူရိန်နဲ့လိုက်သွားမှာမို့.......... မင်းပြန်လိုက်တော့ ညနေမှ လာကြိုတော့ မာန်.....................။

မာန်တယောက်သဝန်တိုစိတ်နဲ့ ဟုတ်ကလွှဲလို့ ဘာမှပြန်မ‌ဖြေဘဲ ကျန်ရစ်ခဲ့သည်။

ညနေအိမ်ပြန်လမ်းတွင်မာန်တယောက်စိတ်အလိုကျတိုင်း သူမလေးကိုဖွင့်ပြောမည်ဆိုကာ.........
ကားကိုထိုးရပ်ကာ ...........
ဟဲ့ ဘာဖြစ်တာလဲကားက ။
ဟိုကားကဘာမှဖြစ်ပါဘူး ကျွန်တော်အမကိုပြောစရာ ရှိလို့ပါ ခနလောက်ကားပေါ်ကဆင်းလို့ရမလားဗျ.......

စိမ်းမြတ်ချယ်တယောက် နားမလည်ဟန်ဖြင့်ကားပေါ်ကဆင်းလိုက်ကာ.....
ကျွန်တော်အမကိုချစ်တယ်....
ဘာ "ဖြန်း" မာန့်ပါးပေါ်စိမ်းမြတ်ချယ် လက်ဝါးကျရောက်သွားသည်။
စပ်ဖြန်းဖြန်းဖြစ်သွားတဲ့ပါးကိုမာန်တချက်ကိုင်ကာ
အမ ဘာလုပ်တာလဲ..........။
အေး ဘာလုပ်တာလဲနင်ကပြန်မေးနေတယ်
နင်နဲ့ငါကတူလို့လားတန်လို့လား ချစ်တယ်ပြောရအောင် Daddyမျက်နှာနဲ့မို့ ဒီလောက် စကားပြောနေတာကို အခွင့်ရေးယူတာ ဘာအထာလဲ.......။

ကျွန်တော့်အမကိုတကယ်ချစ်တာပါ...။
တိတ်စမ်း နင်မှတ်ထား ငါဘဝမှာအချစ်ရဆုံးက သူရိန်ဘဲရှိတယ် ငါလက်ထက်မယ့်သူကလည်း သူရိန်ဘဲရှိတယ်ဆိုတာယုံထားနင်....။
ဒီထက်ပိုဆိုးရင် Daddyပြောပြီး အလုပ်ထုတ်ခိုင်းမယ်.........။

မင်းတစ်ယောက်သာ💕Where stories live. Discover now