အခန်း ၁

3.8K 91 14
                                    

(Unicode)

အခန်း ၁: သူမရဲ့ ဆိုးရွားလွန်းတဲ့ ဘဝဇာတ်ကြောင်း

2019

ရွှီယွမ်ဘက်က ဘာမှ ပြန်ပြီးမတုံ့ပြန်နိုင်ခင်မှာပဲ ဖန်ကျောင်းကျောင်းက မလုံမလဲဖြစ်နေတဲ့မျက်နှာနဲ့ သူမကို ၃၈ထပ်ကနေ တွန်းချလိုက်လေသည်။

ဖန်ကျောင်းကျောင်းက သူမကို "ငရဲကို သွားလိုက်တော့ ရွှီယွမ်... ငါ့အတွက် နင်သေမှ ဖြစ်မှာ... နင် ငရဲမှာရှိနေတဲ့အချိန် အစ်ကိုကျိချန်းက ငါ့အနားမှာ ရှိနေလိမ့်မယ်... သူက ငါ့အပိုင်ပဲ!!!" ဟု အော်ဟစ်ကျိန်ဆဲနေသည်။

ရွှီယွမ်သည် ၃၈ထပ်ကနေ အောက်သို့ တွန်းချခံလိုက်ရတဲ့အခါ ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ အောက်သို့ ပြုတ်ကျနေချိန်တွင် သူမစိတ်ထဲမှာ နောင်တတရားတွေ၊ ဆုံးရှုံးမှုတွေနဲ့ ခံပြင်းနာကျည်းမှုတို့ကို ရောထွေးခံစားနေရသည်။

နောက်ဆုံးမှာတော့ ရင်ထဲမှာ စို့နစ်မွန်းကျပ်နေတဲ့ ခံစားချက်တို့ ပျောက်ကွယ်သွားပြီး အသိစိတ်ကင်းမဲ့သွားလေသည်။
.
.

ရွှီယွမ်၏ တစ်နေ့တာသည် မနက်ခင်းပိုင်းမှာ အဆောက်အဦးကို သန့်ရှင်းရေးလုပ်ခြင်းဖြင့် စတင်ခဲ့လေသည်။

သူမက ကုန်တိုက်တစ်ခုရဲ့ ခြောက်လွှာမှ ခုနစ်လွှာအထိ သန့်ရှင်းရေးတာဝန် ယူထားရသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်သည်။

ရွှီယွမ် ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်နေစဉ် လုံခြုံရေးအစောင့်တွေ စုဝေးပြီး လူတစ်ယောက် ဝိုင်းဝန်းကာကွယ်ပေးနေတာကို တွေ့လိုက်ရသည်။

လုံခြုံရေးဝန်ထမ်းတွေရဲ့အလယ်မှ လူက ဘယ်သူလဲဆိုတာ သူမ သိချင်သွားသည်။ ထို့ကြောင့် လူအုပ်ကြီးကို ကျော်ကာ အလယ်မှာရှိနေတဲ့လူကို လှမ်းကြည့်လိုက်တဲ့အခါ suitဝတ်ထားတဲ့ ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

အဲ့ဒီအမျိုးသားက သူမရဲ့ ကွာရှင်းထားတဲ့ ခင်ပွန်းဟောင်း ကျိချန်းဖြစ်လေသည်။

ရွှီယွမ်က လွန်ခဲ့သော အနှစ် ၃၀ခန့်က လက်ထပ်ခဲ့ပြီး ထိုအချိန်က ဝေးလံခေါင်သီသော ကျေးရွာလေးတစ်ရွာတွင် သူမ နေထိုင်ခဲ့သည်။

ခြေထောက်မစေ့နိုင်တော့ဘူး (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang