အခန်း ၂

4.6K 87 2
                                    

(Unicode)

အခန်း ၂: 1980ခုနှစ်ဝန်းကျင်က မင်္ဂလာဦးညသို့ ပြန်ရောက်သွားခြင်း 🚨


စက်ရုံတွင် နှစ်အတော်ကြာ အလုပ်လုပ်ပြီးနောက် ရွှီယွမ်ရဲ့ ခန္ဓာကိုယ်က ပုံပျက်ပန်းပျက်ဖြစ်ကာ ကြည့်ရဆိုးသွားပြီး သူမရဲ့ ရှိရင်းစွဲအသက်ထက်ပင် ပိုကြီးတယ်လို့ ထင်ရစေသည်။

ရွှီယွမ်သည် ကြမ်းပြင်ပေါ် ထိုင်ချကာ သူမနဲ့ မလှမ်းမဝေးမှာရှိနေတဲ့ အမျိုးသားကို ငေးမောကြည့်ရင်း အတိတ်ကဖြစ်ရပ်တွေကို ပြန်တွေးနေမိသည်။

ထိုလူကို ငေးကြည့်နေတဲ့ သူမရဲ့မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်တွေ ပါဝင်နေသည်။

သူမနဲ့ လက်ထပ်တဲ့အချိန်တုန်းကလိုပဲ ကျိချန်းက ရင့်ကျက်တည်ကြည်ကာ ချောမောနေဆဲပင်။ လက်ရှိ သူ့ပုံစံအရ သူမနဲ့ကွာရှင်းပြီးနောက်နှစ်တွေမှာ တကယ်ကို တိုးတက်အောင်မြင်နေတယ်လို့ ထင်မိပါသည်။

ရွှီယွမ်က အရှက်ရနေမိပြီး သူမ လုပ်ခဲ့တဲ့အမှားတွေကို နောင်တရနေမိသည်။ သူမကို ကျိချန်း မြင်သွားအောင်လုပ်ဖို့တော့ စိတ်ကူးမရှိပါ။ ထို့ကြောင့် နေရာကနေ အမြန်လှည့်ထွက်လိုက်တဲ့အချိန် တစ်စုံတစ်ယောက်ကို မတော်တဆ တိုက်မိသွားသည်။

သူမ တိုက်မိသွားတဲ့လူကတော့ ဖန်ကျောင်းကျောင်းပင်။ သို့သော် ဖန်ကျောင်းကျောင်းကတော့ သူမကို လုံးဝ မမှတ်မိပေ။

ရွှီယွမ်သည် သူမရှေ့မှ ငယ်ရွယ်နုပျိုပြီး ကောင်းမွန်လှပစွာ ဝတ်ဆင်ထားတဲ့ ဖန်ကျောင်းကျောင်းကို ကြည့်ပြီး ဒေါသထွက်လာတော့သည်။ ဖန်ကျောင်းကျောင်း သူမအပေါ် လုပ်ခဲ့တာတွေအတွက် လက်စားပြန်ချေဖို့ ဖန်ကျောင်းကျောင်းကို လည်ပင်းညှစ်ပစ်လိုက်သည်။

ဒီခွေးမက သူမကို ဓာတုစက်ရုံသို့ လှည့်ဖြားကာ ခေါ်သွားပြီး သူမဘဝ အခုလို စုတ်ပျက်ဆိုးရွားသွားအောင် လုပ်ခဲ့တဲ့သူပင်။

ဖန်ကျောင်းကျောင်းသည် လည်ပင်းအညှစ်ခံနေရတာကြောင့် အသက်မရှူနိုင်တော့ပေ။ ထို့ကြောင့် လွတ်မြောက်ဖို့ ကြိုးစားရင်းမှ သူမကို လည်ပင်းညှစ်နေတဲ့လူက ရွှီယွမ်ဆိုတာကို မှတ်မိသွားသည်။

ခြေထောက်မစေ့နိုင်တော့ဘူး (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang