Epi 4: Brute

797 111 118
                                    

(🆉)

Brute=ရက်စက်သောသူ

(ညှင်းဆဲနှိပ်စက်တဲ့အခန်း အပေါ်ပိုင်းမှာပါတာမလို့ အဆင်မပြေတဲ့သူအပေါ်ပိုင်းနားလေး ကျော်ဖတ်ကြပါလို့ ကောင်းကင်ရပ်ခံချင်ပါတယ် ဆွာရီး မေတ္တာလို့ပြောတာ)

"လာခဲ့စမ်း ကောင်မ "

"တောင်းပန်ပါတယ် သခင်မလေး "

ဆံပင်ကိုဆုပ်ကိုင်ကာ ဆွဲဆောင့်ပြီး တရွတ်တိုက်ဆွဲလာတော့ အော်ဟစ်ငိုယိုသံတွေထွက်လာသည်။

"စောက်သုံးမကျတဲ့ကောင်မ အဲ့အင်္ကျီက နင်တို့ 3လစာပေါင်းရင်တောင် ဝယ်လို့ရတာမဟုတ်ဘူး ရာရာစစ မီးကျွမ်းအောင်တိုက်ရဲတယ် "

"မတော်တဆဖြစ်တာပါ ချမ်းသာပေးပါသခင်မလေး အီးဟီး "

"နင့်မှာ အပြစ်ရှိတဲ့အတွက် နင်နဲ့တန်ရာတန်ရာ နေရာမှာ နေရမယ် "

"မလုပ်ပါနဲ့ ကျေးဇူးပြုပြီး "

ဒီစံအိမ်မှာ ခွေးလှောင်အိမ်အကြီးကြီးရှိတယ် ။ ခွေးနက်နှစ်ကောင်ကိုလည်း ထားထားသလို ထိုခွေးလှောင်အိမ်နှစ်ခုထဲက တစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။

အလယ်မှာ ခြံစည်းရိုးမခက်ထားခဲ့ရင် လူမယဉ်တဲ့ ခွေးနှစ်ကောင်ကိုက်တာခံရမှာ။ ခွေးလှောင်အိမ်နှစ်ခုရှိသည့်အနက် တစ်ခုက Maid တွေအသုံးမကျလျှင် အပြစ်ပေးတဲ့အိမ်တစ်ခုလို ဖြစ်နေပြီ။

မိုးရွာရွာ နေပူပူ အဲ့အိမ်ထဲမှာ တစ်နေကုန်နေတယ် ။

ခွေးနှစ်ကောင်ကလည်း ဆက်တိုက်ထိုးဟောင်ပြီး သတ်ဖြတ်တော့မည့်အလားရန်ပြုနေသည်။

ဒိဘဝကနေ အမြန်လွတ်မြှောက်ချင်ပါပြီ။ လစာရပေမဲ့ အိမ်ရှင်တွေရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့ဘူး။

ထိုအိမ်လေးထဲတွင် ဒူးပိုက်ကာငိုရှိုက်ရင်း ကျန်ခဲ့ရသည့် Maid ​ကောင်မလေး ။ နဖူးတွင် မီပူနဲ့ထုခံထားရလို့ပေါက်နေသလို မီပူတိုက် ခံထားရသည့်အရာကလည်း မျက်နှာနှင့လက်တို့မှာရှိနေသည်။

ရဲတိုင်ရင်လည်း မိသားစုကိုခြိမ်းခြောက်တာကြောင့် ဘာမှမတတ်နိုင်။ အရင်ဘဝက ဘာတွေများမကောင်းတာလုပ်ခဲ့လို့ အခုလိုဝဋ်တွေခံနေရတာလဲ ။

N A² Just ALOL (Repost)Where stories live. Discover now