Epi 7: Little Care

625 107 118
                                    

(🆉)

အခန်းပြင်မှာအချိန်တစ်ခုထိစောင့်နေသော်လည်း ထွက်မလာသေးတာကြောင့် အထဲဝင်တော့ အပေါ်ပိုင်းပဲဝတ်ရသေးသည့် ပိစိ။

"ဘာလို့ကြာနေတာလဲ "

"ဟို ဝတ်ရတာခက်လို့ "

"အရင်ကဘယ်လိုဝတ်လဲ "

"အဲ့တာမဟုတ်ဘူး အောက်ကလှုပ်ရင်နာတော့ ခက်နေတာ "

ဘောင်းဘီစကိုကိုင်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ဂျောင်ကုမျက်နှာကိုမကြည့်ရဲ။ အခုမှပျော့ညံ့နေလိုက်တာ။

ဘဲကြီးနဲ့တွေ့ရင် အမြဲအဲ့တိုင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ချွဲတဲတဲလေးဖြစ်သွားမှန်းကို ထယ်ယောင်းသဘောမပေါက် ။

ဒါပေမဲ့ တကယ်နာနေတာ လှုပ်ရင်တောင်အရမ်းနာတယ် ခြေထောက်ကလည်း မခိုင်တော့ဘူး ညောင်းပြီးကိုက်ခဲနေတာပဲ။

"အဲ့တာ ကျွန်တော့်အမှားမှာမဟုတ်တာ "

"ဘယ်သူက ဘာပြောနေရသေးလို့လဲ "

ဂျောင်ကုက ဝတ်ထားသည့်အပေါ်Suitကိုချွတ်ပြီး ထယ်ယောင်းအောက်ပိုင်းအားပတ်ပေးသည်။

ရုတ်တရက်ဆိုတော့ ထယ်ယောင်းတောင်ကြောင်သွားတယ် ။

"ဘာဖြစ်လို့လဲ "

"ဘောင်းဘီမဝတ်နိုင်ဘူးမလား "

"အော ဟုတ်တယ် "

အောက်ပိုင်းအား သေချာပတ်ပြီးတာနဲ့ တန်းပြီးပွေ့ချီလိုက်တာကြောင့် ပုခုံးကို အမြန်ကိုင်လိုက်ရသည်။

ဒါဘယ်လိုအခြေအနေကြီးလဲ ။ အခုဘဲကြီးက ငါ့ကိုပွေ့ထားတာလား။

"ဘာလို့အခုလိုလုပ်တာလဲ ကျွန်တော်အဆင်ပြေပါတယ် "

ထယ်ယောင်းစကားကို မကြားသလိုမျိုးလုပ်ပြီး ရုပ်တည်နဲ့ လမ်းလျှောက်နေတာ။ ဘယ်ဘဝကတည်းက ချေမိုးနေတာလဲ။ အသည်းယားလွန်းလို့ အဲ့မျက်နှာကိုကုပ်ပစ်ချင်တဲ့အထိပဲ ။ မဟုတ်သေးဘူး ဂွေးဥကိုကိုက်ဖြတ်ပစ်ရမလား မဟုတ်သေးဘူး အဲ့တာကလည်း ငါ့အသက်ငါ့အဖိုးတန်ဆိုတော့ ။

"တကယ်ပြောတာပါ အခုလောက်ထိ- "

"အရမ်းစကားများတာပဲ တော်တော်ပြောနိုင်တယ်နော် "

N A² Just ALOL (Repost)Where stories live. Discover now