Epi 12: Car Key & Vibrate Ass

1.2K 114 97
                                    

(🆉)

"ထရမဲ့အချိန်ရောက်ပြီ "

"အွန်းးး ကျွန်တော်အိပ်ချင်သေးတာ "

ထယ်ယောင်းကိုယ်လုံးကိုလှည့်လိုက်ပြီး ဘေးကဖက်လုံးကိုခွလိုက်သည်။

"ဒီနေ့လည်မယ်ဆို အိပ်မယ်ဆိုလည်းသဘောပဲ "

ဂျောင်ကု ထွက်သွားဟန်ပြုလိုက်လျှင် ထယ်ယောင်းမျက်လုံးပွင့်သွားရသည်။

"အာ ဟုတ်သားပဲ ခဏလေး ကျွန်တော်ရေးချိုးလိုက်ဦးမယ် "

"မချိုးနဲ့ နောက်ကျနေလိမ့်မယ် ငါအဝတ်အစားထုတ်ပေးပြီးသွားပြီ "

ထယ်ယောင်းလည်း အချေကိုယ်တော်၏ စကားကိုနားထောင်လိုက်ကာ မျက်နှာသစ်သန့်ရှင်းပြီးသည်နှင့်အဝတ်အစားလဲလိုက်သည်။

ဆံပင်လေးကိုသပြီးတာနဲ့ ဂျောင်ကုရှေ့ရပ်ပြီး ရယ်ပြလိုက်မိတယ်။

"ဟီး ပြီးပြီ သွားမယ်လေ "

ဖြစ်လာမည့် အကြောင်းကိစ္စကိုမသိပဲ လေးထောင့်ဆန်ဆန်ရယ်ပြနေသည့် ထယ်ယောင်းကြောင့် ဂျောင်ကုမျက်နှာမှာ Smirk တစ်ခုဖြစ်တည်သွားရသည်။

"အွန်း သွားကြတာပေါ့ "

ထယ်ယောင်းကတော့ ဂျောင်ကု၏အပြုံးကြောင့်နဲနဲကြောင်သွားသည် ။ သူဘာပြောမိလို့ ရုပ်ကအဲ့လိုအပြုံးကြီးပြုံးလိုက်တာလဲ။

အရင်ဆုံး စားသောက်ဆိုင်တွင်ထိုင်ကြပြီး မနက်စာစားသည်။

မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်ထယ်ယောင်းက သီချင်းညည်းကာ ဒူးနှံ့လျက် ဖုန်းသုံးနေ၏။

"ကင်မ်ထယ်ယောင်း "

"အဲ့လိုကြီးမခေါ် နဲ့ စိတ်တိုနေတဲ့အတိုင်းပဲ "

"Okay ပိစိ"

"ပြောလေ "

ထယ်ယောင်းပြန်မေးနေသည့်အချိန် မှာထားသည့်စတော်ဘယ်ရီခွက်လေးကလာချသည်။

"ဟိုတစ်ခေါက်က မင်းကိုလက်ဆောင်ပေးတဲ့ Vibrater မှတ်မိလား "

"အွန်း မှတ်မိတယ် ဘယ်ရောက်သွားမှန်းတောင်မသိဘူး "

"ဟုတ်လား "

ထယ်ယောင်းစတော်ဘယ်ရီလေးငုံသောက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

N A² Just ALOL (Repost)Where stories live. Discover now