Epi 8: Sleep Or Sleep

1.1K 129 49
                                    

(🆉)

'ဓာတ်ပုံရိုက်တဲ့သမားက ဖွင့်ပြောလာခဲ့ပါပြီ Jeon '

တစ်ပတ်ကြာတဲ့အထိ နှိပ်စက်မှုပြုပြီးနောက်မှာ ဖွင့်ဟလာသည့်အဖြေ ။ အဆိပ်ပြင်းသားပဲ တစ်ပတ်လောက်ထိတောင့်ခံနိုင်တာ တော်ရုံ ခေါင်းမာမှုမျိုးမဟုတ်ဘူး ။

သေတာထက်ပိုခံစားရတဲ့ငရဲကို ပြ​ပေးထားတာ ​​အသက်​ပါ​သေချင်သွားတဲ့အထိ ရက်စက်မှု​တွေကို ပြထား​ခဲ့တာ အခုအသုံးဝင်ပြီပဲ ။

ခွမ်း!

"အား! ယောကျာ်း "

သွေးထွက်နေသည့်ခေါင်းကိုကိုင်ရင်း မယုံကြည်နိုင်သည့်မျက်ဝန်း​တွေဖြင့် ​ဂျောင်ကုကို​မော့ကြည့်သည် ။ ​ဂျောင်ကုမျက်နှာက ဘာခံစားချက်မှမရှိ​နေ ​အေးစက်​နေ​သောမျက်နှာဖြင့် ဂန်မီဆို၏ဆံပင်အား ကိုင်ကာဆွဲသည် ။

"ဘာဖြစ်နေတာလဲလို့ ရူးသွားပြီလား ဘာလုပ်မိလို့လဲ "

စားပွဲပေါ်ကို အကြိမ်ကြိမ်ခေါင်းနဲ့ရိုက်ချတော့ ဂန်မီဆိုမူးဝေလာပြီး နှာခေါင်းသွေးတွေပါထွက်လာခဲ့၏။

ဂျောင်ကုက စကားအသံလေးတစ်ချက်တောင်မထွက်ပဲ တံမြက်စည်းကိုသွားယူပြီး မီဆိုခန္ဓာကိုယ်အား ဆက်တိုက်ရိုက်တယ် ။

"နောက်တစ်ခါ ငါမကြိုက်တာလုပ်မယ်ဆိုရင် ဒီထက်ပိုဆိုးမယ် သိတယ်မလား ငါ့အကြောင်းကို "

"ဂျောင်ကုသာ တစ်ခုခု ​ခြေလမ်းမှားခဲ့ရင်လည်း မီဆိုရှိ​နေတာကိုမ​မေ့ပါနဲ့ ​ဂျောင်ကုအ​ကြောင်းကိုသိတာ​ပေါ့ အစက​နေ အဆုံး အကုန်လုံးလေ "

သွေးတွေထွက်လျက်သားနှင့် စိတ္တဇဆန်စွာပြုံးကာ ​ဂျောင်ကုကိုခပ်ရဲရဲ​ပြောသည် ။ ဂန်မီဆိုက တကယ်ကြီးသိ​နေတာ အဲ့တာ​ကြောင့်လည်း အဲ့တာနဲ့ပဲချုပ်ကိုင်​နေတာ ။ မှားခဲ့တယ်ဆိုတဲ့ သက်သေ CCTV မှတ်တမ်းကိုလည်း သေချာပိရိစွာ ဖွက်ထားသည် ။ ဒီမြွေပွေးမက လည်တာတော့ သေအောင်လည်တာ သူ့မှာ အင်အားတော်တော်ရှိလို့ ကျွန်တော့်ကို ခြိမ်းခြောက်နိုင်ပြီး မကြောက်တာ ။ ကျွန်တော်ကလည်း သူလိုကောင်မမျိုးကို ကြောက်နေမဲ့ကောင်တော့မဟုတ် စောက်ဂရုမစိုက်ဘူးဆိုပေမဲ့ ကိုယ့်ရဲ့လမ်းအမှားအယွင်းမဖြစ်လို့သာ သတိထားလုပ်ကိုင်နေရတာဖြစ်သည် ။

N A² Just ALOL (Repost)Where stories live. Discover now