Epi 5: OMG! He Kiss Me

844 122 133
                                    

(🆉)

(ရိုက်နှက်တဲ့အခန်းလေးပါပါတယ်)

"အချစ် မိန်းမအခုတလောနေလို့သိပ်မကောင်းဘူး "

"အမှတ်သည်းချေက မပါလာဘူးထင်တယ် ငါက ပါးစပ်ကိုဖြဲပေးရမလား "

"ဂျွန် ကျွန်မက ရှင့်မိန်းမနော် "

"ငါ့ဘက်က တစ်ခါမှ မသတ်မှတ်ဖူးဘူး "

"ထားပါ နှစ်ယောက်အတူ Shoppingထွက်ချင်လို့ ကျန်းမာရေးကောင်းမဲ့ အစားအသောက်တွေအသီးအနှံတွေလည်း ဝယ်ရအောင်လို့ "

"Driver နဲ့သွား "

"သူက ကျွန်မယောက်ျားမဟုတ်ဘူး ဂျွန်မလိုက်ရင် ဂျွန်က ဘယ်လိုလူမျိုးပါဆိုတာကို Media ကိုပြောပစ်မယ် "

"မိန်းမကောင်းတစ်ယောက်ရဲ့ လုပ်ရက်လား အဟက်"

"ထင်ချင်သလိုထင် ကျွန်မကတော့ ဖွမှာပဲ "

"ကျစ် ဒီဟာမကတော့ Okayလေ 10မိနစ်အတွင်း အပြင်သွားဖို့ပြင်နိုင်ရင်သွားမယ် "

ဂျောင်ကုပြောလိုက်တော့ ပိုက်ဆံအိတ်ကောက်လွယ်ပြီး သွားမယ်တဲ့လေ ။

စိတ်ရှုပ်လိုက်တာ သတ်ပြီး ဘယ်နားသွားမြုပ်ရင်ကောင်းမလဲမသိ။

စိတ်ညစ်ညစ်နဲ့ပဲ ထိုမိန်းမပြောတဲ့ Mallကိုသာ မောင်းလာခဲ့ရသည်။

အနောက်ကနေ ခပ်ခွာခွာလိုက်လာတဲ့ဂျောင်ကုက သူကြည့်ချင်ရာပဲကြည့်ပြီး ဂန်မီဆိုကိုဂရုမစိုက်။

ဂန်မီဆိုက တစ်ခုပြီးတစ်ခုဝယ်ထည့်ရင်း ကလေး ပစ္စည်းတွေရောင်းတဲ့ဆိုင်အရှေ့တွင်ရပ်ကာ ကလေးပစ္စည်းတွေကို ပြုံးရွှင်စွာကြည့်တော့သည်။

ကလေးပစ္စည်းသေးသေးလေးတွေက တကယ်ကိုအသည်းယားစရာကောင်းတယ်။ ဂျောင်ကုလိုလူအဖို့ ကလေးအသုံးအဆောင်လေးတွေက ဘာရယ်မဟုတ် စိတ်ကြည်စေသည်။ အလိုလိုပြုံးမိပြီး ခြေအိတ်ကလေးကိုယူကြည့်တော့ သူ့လက်ညိုးနဲ့ လက်ခလည်ထည့်ရုံ လေးပဲဆန့်တယ်။

"ကလေးအဖေက ဒါလေးကိုကြိုက်တာလား "

ဂျောင်ကုအပြုံးတွေရပ်တန့်ကုန်ပြီး စိုက်ကြည့်လိုက်တော့ ငြိမ်ကုပ်သွားတဲ့ အရောင်းဝန်ထမ်းလေး။

N A² Just ALOL (Repost)Where stories live. Discover now