Epi 10: Answer Is Dick

1.1K 124 187
                                    

(🆉)

အခန်းထဲဝင်လိုက်တာနဲ့ ရွံလွန်းလို့ အန်ချတော့မတက်ပဲ ။ ဂန်မီဆိုအခန်းဆိုတဲ့အသိက ဂျောင်ကုတစ်ကိုယ်လုံးကို​တောင် ​ရေချက်ချင်းချိုးချင်တဲ့အထိ ။

အံဆွဲ​တွေ ဗီရို​တွေထဲ ​မွှေ​နှောက်ရှာကြည့်တာက CCTV မှတ်တမ်းများရှိမလားလို့ ။ ရှာကလည်းရှာချင်တယ် ရွံလို့ လက်နဲ့လည်းသိပ်မထိချင် ။

"အိုး ထူးထူးဆန်းဆန်းပါလား ဘာပြောစရာရှိလို့လဲ "

မီဆို့စကားကို ဂျောင်ကုက လှောင်သည့်အနေဖြင့် ​ခေါင်းငုံ့ကာရယ်သည် ။

"မသိချင်ယောင်ဆောင်နေတာလား ငါဘာလာလုပ်တာလဲဆိုတာ နင်အသိဆုံးမလား "

"ဘာကိုပြောချင်တာလဲဆိုတာမသိဘူး မိန်းမအခန်းထဲ စိတ်ဝင်စားစရာမှမရှိတာ "

"နင်သာ အမှန်တိုင်းပြောလာရင် ငါနင့်အတွက် လျှော့ပေါ့ပေးဦးမှာ "

စူးရဲနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်ပြီး တစ်လုံးချင်းအေးစက်စွာပြောတော့ မျက်နှာလွှဲသွားသည့် မီဆိုတာ မာနနှင့်တင်းခံသည် ။

"ယောကျာ်း...နင်အပင်ပန်းခံပြီးရှာမနေပါနဲ့ နင်လိုချင်နေတဲ့ဟာကို တစ်သက်လုံးရှာတွေ့မှာမဟုတ်လို့ "

"နင့်ကိုမုန်းတာထက်ရွံတာသိလား ငါဒီအခန်းထဲဝင်လာတာတောင် သိပ်အော်ဂလီဆန်နေပြီ "

"ကိုယ့်အခန်းထဲဝင်တာမကြိုက်တဲ့လူက သူများအခန်းကိုကြတော့ အသိမပေးပဲဝင်နှောင့်နေတာပဲ ကိုယ်မကြိုက်တာကိုသူများလုပ်တာမကြိုက်ရင် သူများမကြိုက်တာကိုလည်းမလုပ်နဲ့လေ ယောကျာ်း လင်မယားပဲဆိုဆို အနည်းဆုံးတော့ Privacy ဆိုတာရှိတယ် "

"အဲ့စကားတွေနင့်ပါးစပ်ကပြောထွက်သေးတယ်ပေါ့ ငါယုံတောင်မယုံကြည်နိုင်ဘူး "

"နင်ပဲပင်ပန်းရမှာ Jeon မျိုးရိုး မပျက်ချင်ရင် မိန်းမဘေးနား ဒီတိုင်းငြိမ်ငြိမ်လေးပဲနေ ပြန်မချစ်လည်းရတာမလို့ "

"နင်က ငါ့ကိုချစ်တာမဟုတ်ဘူး ဂန်မီဆို ငါ့ကိုအန်ချင်လာအောင်မလုပ်နဲ့ "

ဒေါသရှေ့တန်းတင်မိရင် ထပ်ပြီး ရိုက်နှက်တာတွေဖြစ်သွားမှာမလို့ ဂျောင်ကုစကားပြောပြီးတာနဲ့ အခန်းထဲကထွက်ဖို့လုပ်သည် ။

N A² Just ALOL (Repost)Where stories live. Discover now