မြကလေး 6

123 6 1
                                    

#မြကလေး
(အခန်းဆက်ဝတ္ထု)
အပိုင်း (၆)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*

     မြစိမ်းရောင်စံအိမ်ကြီး၏ အပေါ်ထပ်ရှိ အရှေ့ဘက်ဆုံးအဆောင်။အရှေ့ဘက်ဆုံးအဆောင်သည် အပေါ်ထပ်ရှိဘုရားခန်းနှင့်အနီးဆုံးအဆောင်ဖြစ်ပြီး တသီးတသန့်တည်ရှိနေသောအဆောင်ဖြစ်လေသည်။ထိုအဆောင်ထဲတွင် မြစိမ်းရောင်စံအိမ်ကြီး၏ ပိုင်ရှင်အစစ်အမှန်ဖြစ်သော ဘွားသက်ရှည်နေထိုင်ပါလေသည်။ဘွားသက်ရှည်သည် ကြီးမယ်ထွေးနှင့် အသက်အရွယ်သိပ်မကွာလှဘဲ အသက်ခုနှစ်ဆယ်ပင်မပြည့်သေးသူဖြစ်လေသည်။သို့သော်လည်း ကျန်းမာရေးမှာချူချာလှပြီး လမ်းမလျှောက်နိုင်ဘဲရှိလေသည်။ထို့ကြောင့်လည်း ဒေါက်တာထွန်းမင်းခိုင်မှာ မကြာခဏလာရောက်စစ်ဆေးကုသနေပေးရခြင်းဖြစ်လေသည်။ဘွားသက်ရှည်သည် ဝှီးချဲလ်နှင့်သွားလာလှုပ်ရှား၍ရသော်လည်း အေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်နေတတ်သူဖြစ်သောကြောင့် အရှေ့ဘက်ဆောင်မှလွဲ၍ မည်သည့်နေရာသို့မှ မသွားဘဲနေသူဖြစ်လေသည်။အိမ်ကြီးထဲရှိ အိမ်သားများနှင့်လည်း လက်ခံတွေ့ဆုံခြင်းမရှိဘဲ သူ၏သီးသန့် သူနာပြုဖြစ်သော ဆရာမလေးနန်းမူမူနှင့်သာစကားပြောဆိုခြင်းပြုလေသည်။

"ဒေါက် ..ဒေါက် "

    မြကလေးသည် အရှေ့ဘက်ဆောင်၏ တံခါးကိုအသာအယာခေါက်လိုက်လေသည်။မြကလေးတံခါးခေါက်ပြီး အချိန်အနည်းငယ်အတွင်းမှာပင် တံခါးမကြီးသည် ဖြည်းညင်းစွာပွင့်လာခဲ့လေသည်။

" မြပါလား...ဘွားသက်ရှည်နဲ့တွေ့မလို့လား ...ခဏလေးနော် မြ ...မမနန်းသွားပြောပေးမယ်နော်"

    နန်းမူမူသည် တံခါးရှေ့တွင် ရပ်နေသောမြကလေးကိုကြည့်လိုက်ပြီး အခန်းထဲသို့ပြန်ဝင်သွားခဲ့လေသည်။မြကလေးမှာ တံခါးမကြီး၏ရှေ့တွင် မလှုပ်မယှက်နှင့်ရပ်စောင့်နေလိုက်ပါလေသည်။

     အချိန်အနည်းငယ်ကြာသောအခါတွင် ဆရာမလေးနန်းမူမူတစ်ယောက်တံခါးပေါက်ရှိရာသို့ပြန်လျှောက်လာခဲ့လေသည်။

"မြရေ  ဝင်သွားလိုက်နော် ..."

" ဟုတ်ကဲ့ပါ မမနန်း "

မြကလေးWhere stories live. Discover now