မြကလေး 8

112 9 2
                                    

#မြကလေး
(အခန်းဆက်ဝတ္ထု)
အပိုင်း (၈)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*
   

" ခဏစကားပြောရအောင် မြလေး "

      ဒေါက်တာထွန်းမင်းခိုင်၏ စကားကြောင့် စောမြတ်နွယ်သည်လည်း မျက်လုံးပြူးလေးနှင့်ဒေါက်တာထွန်းမင်းခိုင်ကိုကြည့်လိုက်လေသည်။ဒေါက်တာထွန်းမင်းခိုင်ကတော့ သူပြောစရာရှိသည်ကို ပြောပြီးနောက် ရှေ့မှဦးဆောင်၍ထွက်သွားခဲ့သည်။

     ဒေါက်တာထွန်းမင်းခိုင်၏အရေးတယူခေါ်ဆိုမှုကြောင့် မြကလေးမှာ စိတ်လှုပ်ရှားရပါသော်လည်း လက်ရှိဖြစ်ပျက်နေသောအခြေအနေကြောင့် တုံ့နှေးသောခြေလှမ်းများဖြင့် နောက်ပါးမှလိုက်ပါသွားခဲ့ရလေ၏။

~~~~a~~~~k~~~y~~~~~i~~~p~~~~h~~~~y~~~~u~~~~~~~

" ထိုင်ပါအုံး မြလေး "

      ဧည့်သည်က အိမ်ရှင်ကိုတဖန်ပြည်လည်ဧည့်ခံနေသည့်အဖြစ်မျိုး။မြကလေးမှာ ခုံတွင်ဝင်မထိုင်ဘဲ ငေးငေးငိုင်ငိုင်ဖြင့်မတ်မတ်ကြီးရပ်နေခြင်းကြောင့်ဒေါက်တာထွန်းမင်းခိုင်က ထိုင်ခိုင်းနေရခြင်းဖြစ်ပါလေ၏။

" ဒီလိုပါမြလေး..ဆရာမလေးမနန်းမူကိုကြည့်ရတာ ..တစ်ခုခုကိုအကြောက်လွန်ပြီး ရှော့ရသွားတဲ့ပုံမျိုးပဲ ...သူ့ကိုယ်ပေါ်မှာဘာဒဏ်ရာဒဏ်ချက်မှလဲမရှိဘူး....ခုခံတိုက်ခိုက်ထားတဲ့လက္ခဏာလဲမရှိဘူးလို့ပြောတယ်...အင်း...အစ်ကိုကတော့သိပ္ပံနည်းကျကျတွက်ချက်ရတဲ့ဆရာဝန်တစ်ယောက်ဆိုတော့ မြလေးလုပ်နေတဲ့အလုပ်ကိုလဲ သိပ်ပြီးနားမလည်ပါဘူးကွာ....ဒီကြားထဲအစောကလဲ မြလေးကိုအထင်လွဲနေပုံရတယ်နော် "

      မြကလေးဘာမှပြန်မပြောဘဲ ခေါင်းကိုသာခပ်ဖြည်းဖြည်းညိတ်ပြလိုက်ပါလေသည်။

" အင်း...ညီအစ်မချင်းတွေ အဆင်ပြေအောင်နေကြပေါ့ ...ဒါတွေထားပါလေ..အစ်ကိုကသိချင်တာလေးရှိလို့ မြလေးကိုခေါ်လာတာ ...ကြီးမယ်ထွေးပြောတာကတော့ မြလေးက ဝိညာဉ်တွေနဲ့အဆက်အသွယ်လုပ်လို့ရတယ်ဆို ....ဟို...မြလေးအနေနဲ့ မနန်းမူရဲ့ဝိညာဉ်နဲ့ရောဆက်သွယ်လို့မရဘူးလား.....ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သကပ့်ပြီး မေးလို့မရဘူးလား "

မြကလေးWhere stories live. Discover now