မြကလေး (ဇာတ်သိမ်းပိုင်း ) 23

146 3 0
                                    

#မြကလေး
(အခန်းဆက်ဝတ္ထု)
အပိုင်း ၂၃ (ဇာတ်သိမ်းပိုင်း)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

" မခေါ်ဘဲနဲ့ဝင်မလာနဲ့လို့ပြောထားတာကို ..ငါ့စကားကို မနာခံဘဲဘယ်သူကဝင်လာတာလဲ "    
    အခန်းတံခါးပွင့်သွားသံကြောင့် ဘွားသက်ရှည်တစ်ယောက် ဒေါသတကြီးပြောဆိုလိုက်ရင်းမှ နောက်သို့လှည့်ကြည့်လိုက်လေသည်။

" ဟင်..မင်း..မင်းကဟိုအရူးပဲ ..ဘယ်...ဘယ်လိုရောက်လာတာလဲ ....ဒီဟာမခရာမှုတ်လိုက်လို့ ရောက်လာခဲ့တာလား ...တိုက်မောင်း..တိုက်မောင်းဘယ်မှာလဲ ..ယက္ခ..ယက္ခကြီး "

        ဘွားသက်ရှည်သည် အခန်းထဲသို့ဝင်ရောက်လာခဲ့သော ရွှေသွေးကိုကြည့်ပြီး တုန်လှုပ်ချောက်ချားစွားမေးလိုက်ပြီးနောက် သူ့လူများကိုအော်ဟစ်ခေါ်လိုက်လေသည်။

    ရွှေသွေးသည်ဘွားသက်ရှည်၏အမေးကိုမဖြေသလို  ဂရုပင်မစိုက်ပါ။မြကလေး၏ခုတင်ဘေးတွင်ရှိနေသော ကြီးပုကိုတွန်းဖယ်ပစ်လိုက်ပြီးနောက် စောင်တစ်ထည်ကိုဆွဲယူလိုက်ပြီး မြကလေး၏ကိုယ်ပေါ်သို့ လွှားခြုံပေးလိုက်လေသည်။ပြီးလျှင် ဘွားသက်ရှည်နှင့်ကြီးပုတို့ကိုလှည့်ကြည့်လိုက်ပြီး

" ဘယ်သူ့ကိုမှ ခေါ်မနေပါနဲ့တော့ ဒေါ်သက်ရှည်....တိုက်မောင်းကတော့အခန်းပြင်မှာ သတိလစ်နေပါပြီ.....ဦးယက္ခတို့အဖွဲ့ကိုလဲဖမ်းထားပြီးပါပြီ....ဦးတောက်ထိန်တို့သူခိုးအဖွဲ့နဲ့ဒေါက်တာထွန်းမင်းခိုင်ကိုလဲ ..ကျွန်တော့်လူတွေကဖမ်းဆီးနေပါတယ်....ဒေါ်သက်ရှည်တို့နှစ်ယောက်လဲ အေးအေးဆေးဆေးအဖမ်းခံကြပါ ..အသက်ကြီးတဲ့သူတွေကို ထိခိုက်အောင်မလုပ်ချင်ပါဘူး  ...မြစိမ်းရောင်စံအိမ်ကြီးမှာရှိနေတဲ့ အပြစ်သားအားလုံးကို ဖမ်းဆီးလိုက်ပြီမို့ ....အခုအားလုံးပြီးဆုံးသွားပါပြီခင်ဗျာ "

" ဘာ..ဘာပြောတယ်..မင်းဘာပြောလိုက်တယ်..မင်းကဘာလဲ....မင်းလိုအရူးကများ ငါ့အလုပ်ကို့နောက်ယှက်ရဲတယ်ပေါ့ဟုတ်လား...မင်း...မင်းကဘယ်သူလဲ "

       ရွှေသွေးကိုကြည့်ပြီး ဘွား သက်ရှည်တစ်ယောက် တုန်လှုပ်ချောက်ချားစွာမေးလိုက်လေသည်။

မြကလေးWhere stories live. Discover now