မြကလေး 5

129 11 0
                                    

#မြကလေး
(အခန်းဆက်ဝတ္ထု)
အပိုင်း (၅)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*

        အော်သံကြောင့် မရင်အေးသည်လည်း နိုးလာခဲ့ပြီနောက် အထိတ်တလန့်နှင့်မေးလိုက်လေသည်။

"မမလေး..မမလေး ...ဘာဖြစ်တာလဲဟင် "

"မြလဲမသိဘူး မရင်အေး...မြလဲအော်သံကြားလို့နိုးလာတာ ...ဧည့်သည်ထင်တယ်...မြကိုအဝတ်အစား အမြန်ပြင်ဆင်ပေးပါအုံး "

    မြကလေးသည် နှုတ်မှပြောရင်းမှ ကိုယ်တိုင်လည်းညအိပ်အဝတ်အစားကိုအမြန်လဲလိုက်သည်။

~~~a~~~k~~~~y~~~~~~i~~~~~p~~~h~~~~y~~u~~~~~~~

" ဟင် ...မမစော "

    မြကလေးတို့ အခန်းပြင်သို့ထွက်လိုက်စဉ်မှာပင် မြစိမ်းရောင်စံအိမ်ကြီးတစ်ခုလုံး လျှပ်စစ်မီးများလင်းလာခဲ့လေသည်။လင်းထိန်သွားသော မီးရောင်အောက်တွင် မစောမြတ်နွယ်ကိုတွေ့လိုက်ရသောကြောင့် မြကလေးတို့အံ့ဩထိတ်လန့်သွားမိကြလေသည်။မြကလေးတို့မြင်တွေ့လိုက်ရသည်မှာ စောမြတ်နွယ်နှင်လူနာဧည့်သည်တို့သည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကြမည့်ပုံစံမျိုးဖြစ်လေသည်။

"မမလေးစောမြတ်နွယ် ဘာဖြစ်လို့လဲ ...ဧည့်သည်ရှင် သတိထားပါအုံး....ကိုတိုက်မောင်း...ကိုတိုက်မောင်း အမြန်လာပါအုံး "

    မရင်အေးက အသံကုန်ဟစ်၍ခေါ်လိုက်လေသည်။ထိုအခါတွင် အောက်ထပ်မှပြေးလွှားနေကြသော ခြေသံများသည်  အပေါ်ထပ်ဆီသို့ပြေးလွှားတက်လာခဲ့ကြလေသည်။မြကလေးက ဧည့်သည်လူနာဆီသို့ အသာချဉ်းကပ်သွားပြီလျှင် ဧည့်သည်ကိုထိန်းဖို့ရန်ကြိုးစားလိုက်သည်။မရင်အေးသည် စောမြတ်နွယ်ကိုဝင်ရောက်ဆွဲလိုက်ပြီး ဧည့်သည်နှင့်ဝေးရာဆီသို့ဆွဲခေါ်သွားခဲ့လေသည်။

" ဧည့်သည် ..သတိထာပါအုံး...အို...ဘယ်ကိုသွားမလို့လဲ "

    မြကလေး၏ သတိပေးစကားမဆုံးခင်မှာပင် ဧည့်သည်မှာ ပြတင်းပေါက်ရှိရာဆီသို့ ပြေးထွက်သွားခဲ့ပြီးလျှင် အသက်ကိုမောပန်းစွာ ရှူရှိုက်၍နေလေ၏။ထို့နောက်တွင် ပြတင်းပေါက်မှခုန်ချရန်ပါပြင်လိုက်လေသည်။မြကလေးမှာ ဧည့်သည်အမျိုးသား၏ကိုယ်လုံးကြီးအားအတင်းဖမ်းဆွဲထားရင်းမှ နောက်သို့လှမ်းအော်လိုက်မိလေသည်။

မြကလေးWhere stories live. Discover now