မြကလေး 7

108 6 0
                                    

#မြကလေး
(အခန်းဆက်ဝတ္ထု)
အပိုင်း (၇)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*
   
         မြကလေးအံ့ဩတုန်လှုပ်စွာဖြင့်ခြေလှမ်းများကို စတင်ရွေ့လျားလိုက်လေသည်။အမျိုးသမီးငယ်သည် သူမကိုစူးစူးစိုက်စိုက်ကြည့်နေပြီးနောက် ခန္ဓာကိုယ်ကိုအသာလှည့်လိုက်ပြီး အမှောင်ထုတစ်နေရာသို့ မျက်နှာမူလိုက်လေသည်။မြကလေးမှာ သူမဘဝတွင်တစ်ခါဆို ဆိုသလောက်ထင်းထင်းရှားရှားပြတ်ပြတ်သားသားမြင်နေရသောမြင်ကွင်းကို အံ့ဩတကြီးကြည့်လျက်မှ ရှေဆက်၍လျှောက်လှမ်းသွားမိလေသည်။မြကလေးဤကဲ့သို့ဖြစ်နေချိန်တွင် အားလုံးအလုပ်ရှုပ်နေကြသလို မရင်အေးတစ်ယောက်လည်း အလုပ်များနေသောကြောင့် မြကလေးအနားတွင်မရှိဘဲဖြစ်နေလေသည်။မြကလေး၏ ခြေလှမ်းများသည် အမျိုးသမီးနားသို့ရောက်မှန်းမသိရောက်သွားခဲ့လေသည်။အနားသို့နီးလာသည်နှင့်တစ်ပြိုင်နက် အမျိုးသမီးသည်ဘေးသို့ခပ်စောင်းစောင်းလှည့်နေရာမှ အမှောင်တောဘက်ဆီသို့ ခြေလှမ်းများကိုဦးတည်လိုက်လေသည်။ရှေ့သို့ခြေလှမ်းသုံးလှမ်းခန့်လှမ်းလိုက်ပြီးနောက်တွင်မူ အမျိုးသမီးသည် မြကလေးထံသို့ ဆတ်ခနဲလှည့်ကြည့်လိုက်ပြန်သည်။ပြီးနောက်တွင် လက်တစ်ဖက်ကိုဆန့်တန်းလျက် အမှောင်တောထဲသို့ ညွှန်ပြလေသည်။အမျိုးသမီးညွှန်ပြရာသို့ မြကလေးလှမ်းကြည့်လိုက်သောအခါတွင် အမှောင်ထုဖုံးနေသောမြင်ကွင်းကိုသာမြင်ရလေသည်။သို့သော်လည်း အမျိုးသမီးလက်ညှိုးညွှန်ပြနေသောနေရာသည် မြက်ရိုင်းပင် ရှည်ကြီးများနှင့်တောဆူးချုံပင်များပေါက်ရောက်နေသော ဖုန်းဆိုးတောမြေနေရာမှန်း မြကလေးသိလိုက်ပါလေသည်။အမျိုးသမီးသည် လက်ညှိုးထိုးပြနေရင်းမှ ဖုန်းဆိုးတောမြေရှိရာဘက်သို့လျှောက်သွားလေသည်။မြကလေသည်လည်း အညှို့ခံထာရသူပမာ အမျိုးသမီးလျှောက်သွားရာနောက်သို့ ကောက်ကောက်ပါအောင်လိုက်သွားမိလေသည်။

" မမလေး..မမလေး..ဘယ်သွားမလို့လဲ ..အဲ့ဒီဘက်မှာအရမ်းမှောင်နေတယ်လေ...လာ...လာ..."

     ရုတ်တရက်နောက်မှနေ၍ လက်ကိုလှမ်းဆွဲလိုက်ပြီး ခေါ်လိုက်သော မရင်အေးကြောင့်မြကလေးမှာသတိဝင်လာခဲ့ပြီးလျှင် အမျိုးသမီးကိုလှမ်းကြည့်လိုက်မိလေသည်။သို့သော်လည်း အမျိုးသမီး၏အရိပ်အယောင်ကိုမျှ မတွေ့ရဘဲရှိလေသည်။

မြကလေးWhere stories live. Discover now