2

516 27 1
                                    

စိုင်းတည်ငြိမ်ခန့်သည် ကျောင်းပျော်သော ကလေးတစ်ယောက်ဖြစ်သော်လည်း အခုရက်ပိုင်းအတွင်း အပြင်မထွက်ရ။
ခြေချင်းဝတ်က ဒဏ်ရာ မပျောက်မချင်း အိမ်တွင်သာ နားနေရသည်။

အထက်တန်းနောက်ဆုံးနှစ်(Grade12) ကျောင်းသားဖြစ်သောကြောင့် စာနှင့် အဆက်ပြတ်လို့တော့မဖြစ်။
မေမေ သူ့အတွက် ငှားထားသည့် Guideရှိသည်လေ။
အနီးနားက ဘော်ဒါတစ်ခုမှ ဆရာအား အိမ်တိုင်ရာရောက် လာရောက်သင်စေခြင်းဖြစ်၏။

“မည်သည့်Conicမဆို ဒီEquationထဲမှာ အကျုံးဝင်တယ် အရင်က သိပြီးသားလေ မှတ်မိလား သား”

“ဟုတ်”
စာသင်ချိန်သည် နှစ်နာရီမျှ ကြာမြင့်လာပြီဖြစ်သည်။
စိုင်းတည်ငြိမ်ခန့်သည် သူ့ဘေးက ဆရာသင်နေသမျှကို စိတ်ဝင်စားမှု လျော့နည်းလာသည့်တိုင် အာရုံစူးစိုက်မှုကိုတော့ နည်းနည်းမှ မလျှော့ပစ်ခဲ့။

“ရှေ့ကိန်းနှစ်ထပ် ရှေ့ကိန်းနဲ့နောက်ကိန်း မြှောက်ခြင်းရဲ့ နှစ်ဆဆိုတော့...”

“f လိုနေတယ်”

“အင်း ဟုတ်တယ် အဲတော့...”

စိုင်းတည်ငြိမ်ခန့်၏ စာကြည့်စားပွဲသည် လမ်းဘက်ကို မျက်နှာမူထားသော ပြတင်းပေါက်တည့်တည့်တွင် ရှိသည်။
အရင်ကတော့ မေမေက စာမှာအာရုံမစိုင်နိုင်မှာစိုး၍ ကျောပေးကာ နေရာချပေးခဲ့သော်လည်း စိုင်းတည်ငြိမ်ခန့်က အာရုံစိုက်မည်ဖြစ်ကြောင်း အထပ်ထပ် ကတိပေးကာမှ ပြတင်းပေါက်ဘက် လှည့်ပေးထားခြင်းဖြစ်သည်။

စိုင်းတည်ငြိမ်ခန့်တို့လမ်းသည် လူသွားလူလာ ကျဲသည်။
မနက်အလုပ်သွားချိန်နှင့် အလုပ်ပြန်ချိန်များမှလွဲ ယခုလို နေ့လည်ခင်းမျိုးတွင် လွန်စွာတိတ်ဆိတ်ငြိမ်သပ်ပါသည်။
ဝူး .... ဝူး ... ဝူး....။

ထို့ကြောင့် ယခုလို အရှေ့မှ ခေါက်တုံ့ခေါက်ပြန် မောင်းနေသော ဆိုင်ကယ်သံကိုလည်း သေချာသတိထားမိနေသည်။

စိုင်းတည်ငြိမ်ခန့်သည် ဆရာပြန်သွားသည်နှင့် ပြတင်းပေါက်ရှိ လိုက်ကာစအား ဖယ်ကြည့်လိုက်သည်။

ထိုအခါ အစောပိုင်းက တောက်လျှောက်ကြားနေရသော ဆိုင်ကယ်အား တွေ့လိုက်ရသည်။
ဆိုင်ကယ်သည် အနီတောက်တောက်ကို အနက်နှင့် ခြယ်သထားသော Hondaအမျိုးအစားဖြစ်လေသည်။

Limited Edition Where stories live. Discover now