မပတ်သတ်ပါနဲ့လို့ အတန်တန်မှာခဲ့သည့်ကြားမှ မိမိဘဝထဲ နောက်တစ်ကြိမ် တိုးဝင်လိုသော နိုလန်ချမ်းသည် နေ့စဉ်နေ့တိုင်း စိုင်းတည်ငြိမ်ခန့်အရှေ့သို့ ပေါ်လာတတ်သည်။သူ့ပုံစံသည် သိသိသာသာပြောင်းလဲသွားတာတော့ မှန်သည်။
သူ ဘာကြောင့် ပြောင်းလဲ သွားလဲဆိုတာ စိုင်းတည်ငြိမ်ခန့် မစဉ်းစားတတ်။
သူ အထက်တန်းအောင်ပြီး ဒဂုံတက္ကသိုလ်တွင် တက်နေသည်ဟူသော သူ့စကားကိုလည်း စိုင်းတည်ငြိမ်ခန့် သိပ်မယုံချင်ဖြစ်ရသည်။
နိုလန်ချမ်းတွင် အထက်တန်းအောင်မြင်နိုင်သည့် အရည်အချင်း မရှိခဲ့တာ သူ အသိမို့ပင်ဖြစ်သည်။“အမြဲတမ်း နှင်နေတော့မှာလားကွာ”
အနောက်က တကောက်ကောက်လိုက်ရင်းမှ ရုတ်တရက် အရှေ့တွင် ပိတ်ရပ်ကာ ငြီးတွားလာသော မကျေမနပ်စကားသံ။သူ့မျက်နှာတွင် စိတ်အလိုမကျခြင်းများ ပြည့်ဝနေသည်။
“မပတ်သတ်ချင်ပါဘူးလို့ ပြောပြီးသားဟာကို ကျွန်တော် မနှင်လို့ ဘယ်လိုလုပ်ရမလဲ
တခြားတစ်ယောက်ကိုပဲ သွားကစားလိုက်ပါ”ထိုအခါ နိုလန်ချမ်း ဟက်ခနဲ ရယ်ပြုံးသည်။
“မကစားဖူးပဲ နေမလား
မင်း မရှိတော့တဲ့နောက်ပိုင်း မင်းအဖြစ်
အစားထိုးကြည့်သေးတယ် မင်းမဟုတ်လို့ မမြဲခဲ့ဘူး
သိတယ်မလား မင်းနဲ့က သက်တမ်းအကြာဆုံးဆိုတာ”တစ်ပတ်မပြည့်ဖူးသော သူ့ကစားစရာမိန်းကလေးများကြားတွင် လနဲ့ချီပြီး တွဲဖူးသည့် စိုင်းတည်ငြိမ်ခန့်က သူ မျက်စိအကျရဆုံး ကစားစရာတစ်ခုဖြစ်ခဲ့ပုံပေါ်သည်။
“အစားမထိုးမှသာ ထူးဆန်းနေမှာမလား အစ်ကိုက ကျိန်းသေပေါက် နောက်တစ်ယောက်နဲ့ တွဲမယ့်လူမျိုးလေ အစ်ကို့မှာ အချစ်ကို မခံစားတတ်တဲ့ နှလုံးသားနဲ့ သစ္စာတရားကို နားမလည်တဲ့ ဦးနှောက်ရှိနေသမျှကာလပတ်လုံး အမြဲတစ်ယောက်မဟုတ် တစ်ယောက်နဲ့ တွဲမိနေဦးမှာပဲ”
လူကို အရှေ့ထားပြီး မျက်လုံးချင်းစုံလျက် ဝေဖန်နေသော စိုင်းတည်ငြိမ်ခန့်အား နိုလန်ချမ်းတစ်ယောက် အံကြိတ်ကာ သည်းခံနေရကြောင်း သူမငြင်းလိုတော့။
ထိုကောင်လေးကို သူ ကော်လံ ဆွဲပစ်ချင်လာခဲ့သည်။ သို့သော် သူ့ဒေါသကို သူတတ်နိုင်သမျှ ထိန်းထားရပါသည်။