3

402 22 1
                                    

သမားရိုးကျ အသိုင်းအဝိုင်းပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာသော သူ့အတွက် ယောက်ျားနှစ်ယောက်၏ ဆက်ဆံရေးဟူသည် ‘ညီအစ်ကို၊ မိတ်ဆွေ၊ ဆရာတပည့် ပြီးတော့ ရန်သူ’ဆိုပြီးတော့သာ သိခဲ့ရသည်။
ထို့ကြောင့် နိုင်လန်ချမ်းနှင့် သူ၏ ဆက်ဆံရေးသည် နှောင့်ယှက်သူနှင့် နှောင့်ယှက်ခြင်းခံရသူဆိုပြီးဟူ၍သာ ခေါင်းစဉ်တပ်ခဲ့သည်။

“ကိုငြိမ် မင်းမုန့်သွားဝယ်ဦးမှာလား”

သက်မှူးပိုင်၏ အမေးကို စိုင်းတည်ငြိမ်ခန့်
စာကြည့်နေရင်း ပြန်ဖြေလိုက်သည်။
“မဝယ်ဘူး ဘာဖြစ်လို့လဲ”

“ငါ ဗိုက်အောင့်နေလို့ ဆေးဝယ်လာခိုင်းမလို့ မင်းမသွားလည်း ဘာမှမဖြစ်ပါဘူး တခြားလူကို မှာလိုက်မယ်လေ”

“ရတယ် ရတယ် ငါဝယ်ပေးမယ်
ငါလည်း စာကြည့်တိုက်မှာ စာအုပ်ပြန်အပ်စရာရှိလို့”

“ဟုတ်လား ဒါဆို air-x တစ်လုံးလောက် ဝယ်ခဲ့ပေး”

စိုင်းတည်ငြိမ်ခန့် ပိုက်ဆံနှင့် စာအုပ်အား ကိုင်ကာ လှေကားမှ ဆင်းလာခဲ့သည်။
နှစ်ဆင့်၊ သုံးဆင့်၊ လေးဆင့်...။

အောက်မှရေလျှင် သုံးဆင့်မြောက်ဖြစ်သော
လှေကားထစ်ပေါ်တွင် ကျောခိုင်းထိုင်နေသူ တစ်ယောက်ရှိသည်။
စိုင်းတည်ငြိမ်ခန့်၏ မှတ်ဉာဏ် မမှားဘူးဆို သူ့ဘယ်ဘက်နားရှိ နားကပ်လေးသည် နိုလန်ချမ်း နားကပ်နှင့် ဆင်တူလေသည်။

စိုင်းတည်ငြိမ်ခန့် အေးဆေးစွာပဲ ဖြတ်ကျော် ဆင်းသွားလိုက်သည်။
“စောင့်လိုက်ရတာ”

စိုင်းတည်ငြိမ်ခန့် မကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်သွားလိုက်သည်။
“ထပ်တွေ့မယ်လို့ ပြောထားတာကို ငါ့ကို ရှောင်ရဲတာလား”

စိုင်းတည်ငြိမ်ခန့် ဆက်လျှောက်ဆဲဖြစ်သည်။
“စိုင်းတည်ငြိမ်ခန့်”

ထိုလူ့ပါးစပ်မှ သူ့နာမည်ကြားလိုက်ချိန်တွင် သူ့ခြေလှမ်းတွေ ရပ်တန့်ပစ်လိုက်သည်။
ထို့နောက် ထိုလူ့မျက်နှာအား တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ထပ်တွေ့စရာ အကြောင်းရှိလို့လား”

Limited Edition Where stories live. Discover now