~3~

262 36 4
                                    

အပိုင်း ၃
ဧဒင်တို့ ကိုးတန်းAခန်းတွင် ဒီနေ့တစ်မနက်လုံးဂယက်တစ်ခုရိုက်နေလေသည်။ အကြောင်းမှာ မော်ကွန်းမြတ်ထင်တစ်ယောက် Bio ပြောင်းယူပြီး Aခန်းသို့ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။

တစ်တန်းလုံးကမိန်းကလေးအများစုသာပျော်နေကြပေမဲ့မပျော်နိုင်သည်ကတော့ ဧဒင်ပါ။ ရေစက်ဆိုးကဘယ်လောက်အထိ ဆုံရသလဲဆို... ယောကျ်ားလေးခုံတန်းတွင်လူလွတ်နေသည်မှာ သူ့ဘေးတွင်သာရှိသည်မို့ ဒီကောင်ဝင်ထိုင်သည်မှာ ဧဒင့်၏ဘေးဘက်ခုံတွင်ဖြစ်သည်။ နောက်တစ်ချက် ဒီကောင်ဘာရည်ရွယ်ချက်နှင့် Bioပြောင်းယူလဲသူသိသည်။ သူ့အစ်မကို ဖွန်ကြောင်ပြီး ဒီကောင်Bioကိုပြောင်းလာတာ။ မော်ကွန်းလေ ဒီကောင့်ကိုမုန်းလိုက်တာဆိုတာ အသားတွေတောင် တဆတ်ဆတ်တုန်ပါသည်။

"မုန်းလိုက်တာဆိုတာ" စိတ်ထဲကပြောနေရင်း ပါးစပ်ကယောင်၍ထွက်မိသွားသည်။ ပြီးနောက် မှားရေးမိသည့် စာကို correction pen ဖြင့် ဖိ၍ဖျက်ပစ်လိုက်သည်။

"နောက်တစ်ချိန်က ဘာသင်မှာတဲ့လဲ"

ဘေးနားကနေ ယုန်သူငယ်လို မသိချင်ဟန်ဆောင်၍ လာမေးနေသည့်ငစားကောင်ကို ဘုတောတော၍ကြည့်ပေးလိုက်သည်။

"ဟိုးမှာ အချိန်ဇယားဆွဲပြီးချိတ်ထားတာက အလကားအလှထားတာမဟုတ်ဘူး... မင်းဘာသာကြည့်လေ"

ဘုရားစင်နှင့် blackborad ကြားတွင် ချိတ်ထားသော timetable ဇယားကို မေးငေါ့ပြလိုက်သည်။

"ငါက စကားအကောင်းပြောတာကို မင်းကလည်းပြန်မပြောဘူး။"

သူ့ပြောစကားကို ဧဒင်မသိချင်ဟန်ဆောင်၍ စာပဲဆက်ရေးနေလိုက်သည်။ နောက်တစ်ချိန်က ပြောစရာမလိုလည်းသိရမည့် သင်္ချာအချိန်။

"All stand!"

"မင်္ဂလာပါဆရာမ..."

"ထိုင် ထိုင်... မနေ့ကအဆက်လေး ဆက်သင်မယ်နော် "

အမြဲတမ်းသွက်လက်ဖြတ်လက်နေသည့် ဆရာမကြီးဒေါ်ဝင်းဝင်းမော်။ ကျောင်းတွင် အသက်ကြီးပိုင်းထဲဝင်နေပြီး မကြာခင် အလယ်အုပ်ဖြင့် နယ်ပြောင်းရွှေ့မည်ဟုသိရသည်။ စည်းကမ်းလည်းအလွန်ကြီး၍ သဘောကောင်းသည်။စာသင်ချိန်တွင်တော့ သူ့စည်းကမ်းကိုနည်းနည်းလေးမှချိုးဖောက်တာမကြိုက်ပေ။

ဧဒင်...သို့Where stories live. Discover now