အပိုင်း ၈

72 13 1
                                    

အပိုင်း ၈

မနက်ခင်းလင်းသည်နှင့် သူ့ scooby လေးဖြင့် အိမ်သို့ရောက်ချလာသည်။ ပထမတစ်ရက်က အင်္ဂလိပ်စာဆရာမဆီစာသွားသင်ရသည်။ မြန်မာစာနှင့် Bio ကတော့ ကျက်ဖို့သာရှိ၍ ကျောင်းကတည်းကဆရာမများက ကျက်ဖို့မှာပြီးသား။
Chemistry လည်း မနေ့က သင်ပြီးပြီမို့ ဒီနေ့ အတွက်က သင်္ချာနေ့ဖြစ်သည်။

ကာကီရောင်ဒူးတိဘောင်းဘီတိုနှင့် ရှပ်လက်တိုအနီရောင်ပေါ်မှာ အဖြူရောင်လက်ရှည်တစ်ထည်ထပ်ဝတ်လိုက်သည်။ ဖေဖေလက်ဆောင်ပေးထားသည့် smart watch ကိုကောက်ပတ်ပြီး ပေါ့ပေါးပါးပါး ကွင်းထိုးဖိနပ်လေးသာစီးပြီးထွက်လာဖြစ်သည်။ ပေါ့ပေါ့ပါးပါးဆိုပေမဲ့ ဧဒင့်မျက်လုံးထဲ သူ့ကို ကြည့်ကောင်းနေစေချင်သည်။ 

ခြံရှေ့ရောက်တာနှင့် ခြံစောင့်ဦးလေးက တံခါးဖွင့်ပေးသည်။ ဒီအိမ်ကို သုံးရက်လောက်ဝင်ထွက်နေတာနှင့် ဒီအိမ်ကလူတွေလည်း မော်ကွန်းကို သိနေလေပြီ။

"ဧဒင်ရေ... သွားမယ်"

"ဟော မော်ကွန်းတောင်ရောက်နေပြီလား။
မင်းသူငယ်ချင်းက အခုမှမနက်စာစားတုန်းပဲသားရေ။
သားရေ မနက်စာစားပြီးပြီလား ။ တစ်ခါတည်းဝင်စားပါလား"

ထမင်းစားခန်းထဲမှ ထွက်လာသည့်လေးငယ်က သူ့ကိုပြောလိုက်သည်။

"သားစားခဲ့ပြီ လေးငယ်။ သင်္ချာဆရာမက စောစောလာဖို့ပြောထားလို့ သားကစောလာလိုက်တာ လေးလေး"

"အေး... မင်းသာစောလာတာ မင်းသူငယ်ချင်းကတော့ လိပ်သွားပဲ... ခုနကမှ အိပ်ရာနိုးတယ် ။ ပြီးတော့ သူရေချိုးတာနဲ့ ​အဝတ်အစားလဲတာနဲ့ အခုမှ စားရတယ်လေ "

"သားစောင့်လိုက်ပါမယ် လေးငယ်။
လေးငယ်ရော အလုပ်သွားတော့မလို့လား"

"အေး သား။ လေးငယ်ဟိုဘက်မြို့ကိုသွားစရာရှိလို့ မိုးချုပ်လောက်မှပြန်ရောက်မလားမသိဘူး။သားတို့ရော စာသင်ကပြန်လာရင် ဘယ်မှလျှောက်မသွားနဲ့နော်။ အိမ်မှာပဲနေ ကြားလား"

"ဟုတ်ကဲ့လေးငယ် ။ သားတို့ဘယ်မှမသွားပါဘူး"

"အေးအေး အဲ့တာဆို လေး သွားတော့မယ်"

You've reached the end of published parts.

⏰ Last updated: Oct 14 ⏰

Add this story to your Library to get notified about new parts!

ဧဒင်...သို့Where stories live. Discover now