~4~

232 31 4
                                    

-အပိုင်း ၄-

airpod ကိုနားတွင်တပ်ထားပြီး အုတ်ခုံလေးပေါ်တွင် တစ်ယောက်တည်းထိုင်ရင်း နေဝင်ဆည်းဆာအလှကို သူ့စက္ကူစာရွက်ပေါ် ကူးယူရေးဆွဲနေမိသည်။ ဧဒင့်မှာဉဥ်လေးတစ်ခုရှိသည်။ ထိုသည်က သူဝမ်းနည်းသည့်အခါ ပန်းချီဆွဲခြင်းဖြစ်သည်။ ညနေက ကျောင်းခန်းထဲဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကြောင့် သူအတော်လေးစိတ်ထိခိုက်သွားခဲ့သည်။ သူမြတ်နိုးတန်ဖိုးထားသည့်အရာလေးကိုမှ...။
တစ်ဖက်ကမမှားတာကို သူလည်းသတိထားမိပါသည်။သို့သော် ကျူးလွန်သူမှာ ၎င်းဖြစ်နေ၍ သူ့စိတ်တို့ လွတ်ထွက်သွားခြင်းပေ။

ယခုတော့ စာရွက်ဖြူလေးပေါ် ခဲပန်းချီလေးကိုသာရေးခြစ်နေသည်။ မိုးရာသီ၏နေဝင်ဆည်းဆာအလှသည် သူတို့မြို့လေးကနေကြည့်ရင်သိပ်လှသည်။ ပုစွန်ဆီရောင်နေဝန်းနီနီကြီးမှာ တောင်တန်းတွေကြား တိုးလျှိုးပျောက်ကွယ်သွားသည်မှာ သူကြည့်မဝသည့် သက်ရှိပန်းချီကားတစ်ချပ်ဖြစ်သည်။

ယခုလည်း နေလုံးကြီးမှာတောင်တန်းတွေကြား စုန်းစုန်းမြုပ်လုချိန်၊သူဆွဲလက်စ ပန်းချီသည်လည်း လက်စသတ်သွားခဲ့လေသည်။ စာရွက်၏ အောက်ခြေထောင့်စွန်းနားလေးတွင် ဧဒင်ဆိုသည့်အမည်ဖြင့် လက်မှတ်လေးတစ်ခုကို သူဆွဲလိုက်သည်။ ထိုအခိုက် သူ့ရှေ့သို့ရောက်ရှိလာသော ခြေတစ်စုံ။ သူမော့ကြည့်လိုက်စဥ် သူမမြင်ချင်ဆုံးသောမျက်နှာတစ်ခု။

လက်ထဲတွင်လည်း အထုပ်တစ်ထုပ်ကိုကိုင်ထားပြီး သူ့ကိုကမ်းပေးနေသည်။ 'ဘာလဲ' ဆိုသည့်သဘောဖြင့် ဧဒင်က အထုပ်ကိုတစ်လှည့်၊သူ့မျက်နှာကိုတစ်လှည့် ကြည့်လိုက်သည်။

"နေ့လယ်က ကိစ္စအတွက်တောင်းပန်ပါတယ်။
ငါတမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။ ဒါကြောင့် မင်းကိုတောင်းပန်ရင်း မင်းပျက်စီးသွားတဲ့ရောင်စုံလေးတွေ ပြန်ပေးချင်လို့ပါ"

"ရပါတယ် မလိုပါဘူး"

ခွင့်လွှတ်နိုင်ပါသည်ဟုဆိုသော်ငြား တကယ်တမ်းသူ့နှုတ်ကထွက်သွားသည်မှာ... တခြား။

"ငါလည်း ပန်းချီနဲ့ပတ်သတ်လိုနားမလည်လို့ market က အဆင်ပြေမဲ့ဆိုင်တစ်ဆိုင်မှာ ဝင်ဝယ်လာခဲ့တာ။ ဒါလေးတော့ လက်ခံပေးနော်"

ဧဒင်...သို့Where stories live. Discover now