~6~

278 31 2
                                    

အပိုင်း ၆

စာမေးပွဲဖြေခါနီးဆို ခြေဖျားလက်ဖျားများအေးစက်တတ်သည့်အကျင့်က ဧဒင့်၏အကျင့်တစ်ခုဖြစ်သည်။ စာအားလုံးရနေသည့်တိုင် ရင်တုန်နေတတ်သည်မှာ သူ့အကျင့်။ စာဖြေခန်းကို လူခြား၍ထိုင်ခိုင်းသော်လည်း အရမ်းကြီးတင်းကြပ်မထားပေ။

မြန်မာ၊အင်္ဂလိပ်၊သင်္ချာ၊ဓာတုဗေဒ အထိ အဆင်ပြေသေးသည်။ရူပဗေဒ ဖြေမည့်နေ့ဆို ဧဒင်ပိုကြောက်မိသည်။ formula မှားမှာ သေအောင်စိုးရိမ်တတ်သည့်ဧဒင်။ နောက်တစ်ချက်က သူအားအနည်းဆုံးဘာသာရပ်ဖြစ်သည်ကြောင့်လည်းပါသည်။

ကျောင်းရုံးခန်းမှ bell တီးသံစသည်နှင့် မေးခွန်းစာရွက်များဝေသည်။  မေးခွန်းကို ရရချင်း မေးခွန်းအစဆုံးကို အရင်ဖတ်ကြည့်လိုက်သည်။ ကံကောင်း၍ သူကျက်ထားသည်များဖြစ်၍သူပျော်သွားသည်။

ပထမဆုံး true / false အတွက် ငါးပုဒ်ကို နံပါတ်တပ်၍ ချန်ထားလိုက်သည်။ နောက်ထပ် choice ငါးပုဒ်ကိုလည်း နံပါတ်တပ်၍ short questionsများကိုအရင်ဖြေသည်။ ပြီးနောက် ပုစ္ဆာကြီးများကို ဖြေပြီးမှ တစ်မှတ်တန်လေးများကို ပြန်ဖြေသည်။

true / flase ကို မေးခွန်းဘယ်တော့မှမပေးထားသဖြင့် ဧဒင်တို့အမြဲတမ်းကိုယ့်ဘာသာစဥ်းစားရတတ်သည်။ ယခုလည်း true/false နှင့် သုံးခုတစ်ခုရွေးကို သူစဥ်းစားဖြေနေတုန်း ဘေးနားမှနေ၍ ခိုးကြောင်ခိုးဝှက်အသံဖြင့် သူ့အား ခေါ်နေသည်။

"ဧဒင်...ဧဒင်.... "

ပထမ တစ်ခေါက်သူ မကြားချင်ဟန်ဆောင်၍ choise အတွက်အဖြေရှာရန် အကြမ်းစာမျက်နှာတွင်ချတွက်ပြီး သူအဖြေထုတ်နေလိုက်သည်။

"ဧဒင်....  ဧဒင် လို့ "

"ဒေါက်... ဒေါက်... "

ဘေးနားက ခုံစောင်းကိုပါ ဘောပင်ဖြင့်လာခေါက်၍ ခေါ်သဖြင့် မကောင်းတတ်၍ ဧဒင်လှည့်လိုက်လိုက်သည်။ 'ဘာလဲ' ဆိုသည့်သဘောဖြင့် မေးလည်းဆတ်ပြလိုက်သည်။

"ငါ့ကို နံပါတ် ၄ (A) က formula လေး တစ်ချက်ပြောပြပါလား"

"ဘာလို့ပြောပြရမှာလဲ... မင်းဟာမင်းတွက်ပါလားကွ"

"လုပ်ပါ...ငါအဲ့စာတွေမမှီခဲ့လို့"

ဆရာမလည်းမကြားရစေရန် အသံကိုခပ်ကြိတ်ကြိတ်ဖြင့်နှစ်ယောက်သား ပြောနေသည်။

ဧဒင်...သို့Where stories live. Discover now