~ 5 ~

242 35 7
                                    

-အပိုင်း ၅-

ဒုတိယပိုင်းရောက်လာသည့်အခါ ဟိုဘက် ဒီဘက် အကြိတ်အနယ်ပိုဖြစ်လာသည်။ သူမသာကိုယ်မသာနှင့်ကစားပွဲမှာ ပို၍အရှိန်ရလာသည်။

"ရွှီး...."

ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ပွဲသည် အနည်းငယ်ဆူသွားလေသည်။ကိုယ်တွေကစားသမားဘက်မှ တစ်ဖက်ကစားသမားတို့ ဘောလုံးလုရင်း တစ်ဖက်ကစားသမားအား တွန်းမိသလို ဖြစ်သွား၍ဖြစ်သည်။
ပွဲခင်းထဲ ဒိုင်နှင့်ကစားသမားတို့ အချေအတင်ပြောပြီး ကိုယ်တွေဘက်မှအဝါကဒ်အပြခံရသည်။

ထ ၂ ကျောင်းသားများရော ဆရာ၊ဆရာမများပါ ရုတ်ရုတ်သဲသဲဖြစ်သွားသော်လည်း ပွဲက ဆက်ကစားသည်။

ပွဲပြီးရန် ၁၅မိနစ်ခန့်သာလိုတော့သည်။ နှစ်ဖက်စလုံးမှာလည်း အားပေးသံများမှာ ပို၍ ညံစီနေလေသည်။
အလယ်တန်းမှနေ၍ မော်ကွန်းက ဘောလုံးကိုသိမ်းယူလာခဲ့သည်။ တစ်ဖက်ဂိုးပေါက်နားအထိ သိမ်းယူလာနိုင်နေပြီး သူ့အနားတွင် တစ်ဖက်ကစားသမားသုံးယောက်ကလည်း မပြတ်လိုက်နေသည်။ ဂိုးပေါက်နားရောက်ချိန် တစ်ဖက်ကစားသမားမှာ ခြေထိုးခံလိုက်သည်။ ေမာ်ကွန်း မြေပြင်ပေါ် ခြေပစ်လက်ပစ်လဲကျသွားသည်။

"ရွှီး"

ဒိုင်၏ ခရာမှုတ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကစသမားနှစ်ဖက်မှာလည်းရုတ်ရုတ်သဲသဲနှင့် ရန်ဖြစ်တော့မည့်အခြေအနေဖြစ်နေသည်။ ကြီးကြပ်ရေးဆရာများလည်း ပွဲထဲရောက်လာပြီး ဒိုင်၏ဆုံးဖြတ်ချက်အရ နောက်တစ်ခေါက်ထပ်ကန်ရမည်။ ဆေးအနည်းငယ်လိမ်းပြီး မော်ကွန်း ပြန်ထလာနိုင်ခဲ့သည်။

"ထ ၂...  ထ၂...  "

အသံများသည် ကျယ်လောင်နေပြီး ပွဲခင်းတစ်ခုလုံး အုံးအုံးကြွကြွဖြစ်နေလေသည်။ ပွဲပြီးချိန်လည်း နီးကပ်လာသလို ထ ၂အတွက် အနိုင်ဂိုးသည် မော်ကွန်းအပေါ်အများကြီးမူတည်နေခဲ့သည်။

တစ်ဖက်ကစားသမားများမှာလည်း  ဂိုးပေါက်နားတွင် နေရာတကျကာကွယ်ထားပြီး ကန်သွင်းတော့မည့် မော်ကွန်းမှာ အားမာန်အပြည့်ဖြင့် ကျားရဲတစ်ကောင်နှယ်။

ဧဒင်...သို့Where stories live. Discover now