Uni
ဆူးခက်ဟာ၀တီ၏မျက်၀န်းခပ်ညိုညိုကိုဖြင့်စူးစိုက်၍မကြည့်ရဲတော့ရုံးခန်းထဲမှထွက်ရန်အကြံထုတ်လေသည်။"သွားရအောင်"
ဘာမှမပြောတော့ပဲ၀တီဟာ ဆူးခက်၏လက်ကောက်၀တ်လေးကိုညင်ညင်သာသာဆွဲ၍သွား၏။ဆူးခက်မှာတော့ကြောင်တောင်တောင်ဖြင့်ရင်လဲခုန်နေ၍ အနောက်မှခေါ်လေရာကိုပါသွားသည်။
"ဆူးခက်လာပါဉီး ရောက်လက်စနဲ့အရှေ့ကမုန့်ဆိုင်မှာ ကော်ဖီထုတ်လေး5ထုတ်ေလာက်၀ယ်ပေးကွယ်"
"ဟုတ်ကဲ့ဆရာမကြီး"
လေပြေနှင့်ဆူးခက်လက်ချင်းချိတ်ကာပြန်ထွက်လာပြီးအရှေ့ကမုန့်ဆိုင်သို့သွား၏။သူတို့နှစ်ယောက်လက်ချင်းချိတ်ကာသွားသည်ကို တစ်ယောက်သောသူမှစိတ်အလိုမကျဖြစ်ကာအပြင်ထွက်ဖို့လမ်းစရှာနေသည်။
"နင်ဒီမှာတစ်ယောက်ထဲနေရတာအဆင်ကောပြေခဲ့ရဲ့လား"
"မပြေလဲငါရွေးတဲ့လမ်းငါဆုံးအောင်လျှောက်မှာ"
"အေးပါဟယ် ခုငါတို့ရှိနေပြီမို့နင်အားမငယ်နဲ့တော့"
"အေးပါ"
ဆူးခက်မောင်၏အကြောင်းကိုလေပြေကလွဲလျှင်ဘယ်သူမှမသိနိုင်အောင်အထိဆူးခက်ဟာလျို၀ှက်လွန်းသည်။ဆူးခက်ခံစားနေရသည့်ကိစ္စတိုင်းကို လေပြေကောင်းကောင်းကြီးသိသည်။ဒါကြောင့်မို့လဲ လေပြေနှင့်ဆူးခက်ကိုသူငယ်ချင်းလို့တောင်မထင်ညီအစ်မမဟုတ်ရင်တောင် အတွဲတွေလို့မြင်နေကြ၏။
"ဉီးလေးရေ Sunday ကော်ဖီ5ထုတ်လောက်"
"အေးရမယ်"
လူအရမ်းများနေသည်မို့ဆူးခက်တို့ကြားဖြတ်တိုးလျှင်ဆိုင်ရှင်တွေပိုရှုပ်ကုန်မှာဆိုး၍ ဘေးနား၌သာရပ်နေသည်။ဘေးနားကရလာတဲ့ရေမွှေးနံ့ကြောင့် ဆူးခက်အလျင်မြန်ကြည့်မိရာ ၀တီနွယ်ဖြစ်နေသည်မဟုတ်လား။
"အာလူးကြော်တစ်ထုတ်"
ဆူးခက်စဉ်းစားနေမိ၏။"သူမုန့်၀ယ်မှာပဲကိုတစ်ခါထဲကော်ဖီပါမ၀ယ်ပေးရတာလဲဟ"
၀တီဟာလဲ လိုက်ဖို့အစီစဉ်မရှိ လေပြေနှင့်ဆူးခက်လက်ချင်းချိတ်ကာသွားသည်မို့ ခြေလှမ်းများဟာသူမသိခင်မှာပဲ မုန့်ဆိုင်သို့တန်းရောက်သွားလေသည်။နည်းနည်းရယ်စရာကောင်းပေမဲ့သူ့လက်ကိုကိုယ်ကလွဲရင်တစ်ခြားသူချိတ်တာမမြင်ချင်ဘူး။
YOU ARE READING
ချစ်ရပါသောနွယ်
Romanceဆူးခက်များနှင့်ပြည့်နှက်နေသည့် ဆူးခက်မောင်ကို ၀တီနွယ်ဟာသူ၏ သံယောဇဉ်အချစ်နွယ်များဖြင့်အကြောက်လန့်မရှိရစ်ပတ်လွန်းခဲ့တယ်။ U+Z