part 13

60 4 0
                                    

Uni

"အိမ်မှာဘာချက်ထားလဲမောင်"

"ဘာမှမချက်ထားဘူး ခေါက်ဆွဲပြုတ်သောက်မို့"

"နေ့တိုင်းစားရင်မကောင်းဘူးလေမောင်ရဲ့ ဈေးဆိုင်တစ်ခုမှာရပ်လိုက်မောင်"

"နွယ်အရွက်ကြော်စားမလား"

"မဆိုးဘူးမုန်ညှင်းရွက်ကြော်စားရအောင်"

နွယ်ဟာအနောက်မှထိုင်၍ဆူးခက်ခါးလေးကိုဖက်တွယ်ထားရင်း ဆူးခက်နှင့်စကား‌ပြောကာတစ်နေ့တာလုံးပင်ပန်းသမျှကို‌ ပျောက်သည်အထိရယ်မောနေလေသည်။
ကုန်စိမ်းဆိုင်တစ်ခု၌ဆူးခက်ဟာရပ်လိုက်လေသည်။

"မုန်ညှင်းရွက်တစ်စီးဘယ်လောက်လဲအန်တီ"

"၂၀၀မီးလေး ၃စီးပဲကျန်တာ၅၀၀နဲ့ယူသွားလိုက်တော့"

ဝတီဟာဈေးဆိုင်ဘက်သို့လာရင်းမုန်ညှင်းရွက်ကောင်းသေးလားစစ်ကြည့်သည်။အမှန်တော့ထိုအန်တီဈေးလျှော့ပေးတော့ မကောင်းတော့ဘူးထင်တာ ကောင်းသားပဲ။ထိုစဉ်

"ဟေ့ဆူးခက်မောင်နဲ့‌၀တီနွယ်ဘာလာ၀ယ်တာလဲ"

"ဆရာမလေးကိုဈေးဆိုင်လိုက်ပြရင်းမုန်ညှင်းရွက်လာ၀ယ်တာဆရာမ"

"အိမ်ထဲလာဉီးလေနှစ်ယောက်လုံး"

"ဟုတ်ကဲ့ဆရာမလာမယ်"

ထိုသူမှာ ‌ဆူးခက်တို့ကျောင်းရဲ့ဆရာမတစ်ယောက်ပင်ဖြစ်သည်။အလယ်တန်းဆရာမမို့ဆူးခက်တို့ကိုကောင်းကောင်းသိလေသည်။
ခြံတံခါးကိုဖွင့်ကာ ဆူးခက်နှင့်၀တီကို ထိုဆရာမဟာခေါ်လာသည်။အထဲရောက်တော့ဘာရယ်မဟုတ်

"၀တီနွယ်ရော့ ဆိုင်ငှားခလို့ဆရာမကြီးကိုပေးလိုက်ချေ"

"ဆရာမကလည်းအဲ့တာမနက်ဖြန်မှမေမေကိုပေးလို့ရတယ်လေဆရာမရဲ့"

"ငါသွားတဲ့အချိန်မရှိတော့ဘူးလေ"

"မေမေမနက်ဖြန်ည‌ေနစောစောပြန်တယ်ဆရာမ အဲ့ခါမှပေးလိုက်လေ သမီးယူထားရင်ပျောက်သွားမှာဆိုးလို့"

"အေးအေးဒါဆိုလဲပြီးရော"

"ဒါဆိုသွားလိုက်ဉီးမယ်နော်ဆရာမ"

ချစ်ရပါသောနွယ်Where stories live. Discover now