Part 8

53 4 0
                                    

Uni

ဆူးခက်ဟာနွယ့်နောက်လိုက်လာသော်လည်း ကျောင်းစိမ်းကိုမ၀တ်ထား

"မောင်ဘယ်သွားမို့လဲကျောင်းမတက်ဘူးလား"

"မတက်ဘူး သွားစရာရှိလို့"

"မောင်နော် ကျောင်းပြေး"

‌၀တီ၏မောင်နော်ဆိုတဲ့ခေါ်သံအပြီးမှာ မျက်စောင်းလေးထိုးသွားတဲ့ ၀တီကြောင့် ဆူးခက်မှာ အချစ်ပိုနေရသည်။

"ကျူရှင်ရော လာမှာလားမောင်"

"လာပါ့မယ်ဗျာ မောင်အိမ်နောက်တစ်ခေါက်လာခဲ့ရင် မောင်အကုန်တစ်ခုမကျန်ပြောပြပေးမှာမို့ ဘာမှစိတ်မခုနဲ့နော် နွယ်"

၀တီစိတ်ကိုဖတ်နိုင်နေတာလား ၀တီကြောင်အ မိသွားသည်။တကယ်လဲပဲ ဆူးခက်အကြောင်းကိုသိချင်နေတာလေ။

"အာဘွား"

"အမလေး"

၀တီဆူးခက်ကိုငေးကြည့်နေစဉ် ဆူးခက်မှ၀တီ၏နှုတ်ခမ်းမထူမပါးလေးပေါ်သို့ ထိကပ်ရုံလေးသာအနမ်းပေးလိုက်သောကြောင့်၀တီလန့်သွားသည်။

"မောင် လမ်းမပေါ်မှာကို"

"လူမရှိဘူးလေဟဲဟဲ"

"သွားမယ် ဘယ်လိုဟာလေးလဲမသိဘူး"

ဆူးခက်နှင့်၀တီတို့ အတူတူစက်ဘီးတစ်စီးတည်းဖြင့်သွားကာဆူးခက်မှနင်းပြီး၀တီကဆူးခက်ခါးကိုဖက်ထားသည်။ဘယ်လောက်မှမကြာကျောင်းရှေ့ရောက်သွားသည်။ကျောင်းရှေ့ရောက်တော့၀တီဟာဆင်းသလိုဆူးခက်ဟာလဲဆင်းသည်။စက်ဘီးကို၀တီဟာယူလိုက်ပြီးသွားရန်အလုပ်

"မောင်လိုက်ပို့ပါ့မယ် နွယ်ရဲ့ခေါ်တုန်းကခေါ်ပြီး အိမ်ကိုဒီအတိုင်းပြန်ခိုင်းလို့ရမလားယောက္ခမကြီးစိတ်ဆိုးမှာပေါ့"

"အမယ်မယ် ပိုင်စိုးပိုင်နင်းနဲ့သူများအမေကို လိုက်ပို့ရင်စက်ဘီးတွန်းရော့"

ဆူးခက်စက်ဘီးကိုယူကာကျောင်း၀န်းထဲမှအဆောင်လေးတစ်ခုသို့ဉီးတည်သွားသည်။အဆောင်အရှေ့အရောက်ာက် ဆူးခက်၀င်တော့ ကြောင်လေးတွေဟာဆူးခက်ခြေထောက်နားပြေးလာကြသည်။

"ဆရာမလေးကိုပြန်ပို့ခဲ့ပြီနော်ဆရာမကြီး"

"အေအေဒီနေ့ကျောင်းမတက်ဘူးလားဆူးခက်မောင်"

ချစ်ရပါသောနွယ်Where stories live. Discover now