Part 9

59 4 0
                                    

Uni

ဆူးခက်အချိန်ကြည့်တော့1နာရီနီးပါးပင်ဖြစ်နေ‌ပြီလေ

"ဟိုကိုအရောက်ပြန်ရမယ်"

အပြန်မှာ Taxi နဲ့သာပြန်ခဲ့သည်မို့ဘယ်လောက်မှမကြာ ပဲဆူးခက်အိမ်ရောက်သွားလေသည်။လွယ်အိတ်ယူပြီး‌ေကျာင်းသို့ပြန်သွားသည့်အချိန်သည်ကား3နာရီထိုးဖို့ 10မိနစ်ခဏနေလျှင်ကျောင်းလွှတ်တော့မည်လေ။

ကျောင်း၀န်းထဲကို၀င်သွားကာ ဆရာမကြီးရုံးခန်းကိုဉီးတည်သွားလေသည်။

"ဆရာမကြီး၀င်ခွင့်ပြုပါ"

"အေးအေးပြန်လာပြီလား"

"ဟုတ်ကဲ့ ဒီမှာဆရာမကြီးမှာလိုက်တဲ့ပစ္စည်း"

ဆရာမကြီးကိုသာပစ္စည်းပေးတာမျက်လုံးကဟိုကြည့်ဒီကြည့်မို့ ဆရာမကြီးဟာရိပ်မိလေသည်။
"အေးအေးကျေးဇူးကွယ် နင့်ဆရာမက G-1မှာသွားချေ"

ထို့နောက်ဆူးခက်ဟာပြုံးစိစိဖြင့်သွားလေသည်။G-1အခန်းထဲမ၀င်သေးပဲ နဲ့နံရံကိုမှီကာ သူ၏ချစ်ရသောအမျိုးသမီးအားကြည့်တာ အမောဖြေနေလေသည်။ ကလေးတွေကိုကဗျာသင်ပေးနေသည်ကားချစ်စရာ။ ၀တီဟာဆူးခက်ကိုမြင်တော့ပြုံးလေသည်။ဆူးခက်ဟာလဲ လက်ဖြင့်တာ့တာလှမ်းပြရင်းငေးနေလေသည်။

"ဒီဟာကိုရေးမယ် ရေးလို့မပြီးရင်အိမ်ပေးမပြန်ဘူး"
ထိုအခါကလေးများဟာစာကိုအသည်းအသန်ရေးကြသည်။

"၀င်ခဲ့လေ ဆူးခက်မောင်"

ခွင့်ပြုချက်ရမှသာလျှင်ဆူးခက်ဟာအခန်းထဲသို့၀င်သွားပြီးထိုင်နေလေသည်။ဆူးခက်ဟာကောင်းကောင်းထိုင်မနေ ကလေးတွေကိုလိုက်စနေလေသည်။

"မောင်..ကလေးတွေစာရေးနေတာလေလိုက်မစနဲ့"

"ဟဲဟဲ"

"မုန့်ရောမုန့်မုန့်"

"ဟာသွားပြီပါမလာဘူးမေ့လာပြီ"
ဆူးခက်စိတ်ထဲ၌သာပြောမိသည်။

"ဟင်. ဟဲဟဲ"

အစောကတော့ဒီအတိုင်းလှောင်သလိုရယ်ပြီးခုတစ်ခါရယ်သည်မှာတော့ နွယ့်ကိုကြောက်လို့ ရီပြီးချော့ခြင်းပါ။

"ဟဲဟဲပဲလုပ်နေတော့မှာလား"

"ဟိုလေမောင်... မောင်..ပါမလာဘူးနွယ်ရဲ့"

ချစ်ရပါသောနွယ်Where stories live. Discover now