Part 14

45 4 0
                                    

Uni

တူတူတူတူ
ညသန်းခေါင်ကြီးဖုန်းခေါ်လာသည်မို့နွယ်ဟာလဲစိတ်ပျက်စွာဖြင့်ကိုင်လိုက်မိသည်။နံပါတ်ကိုကြည့်တော့ဖုန်းစိမ်းကြီးပင်။မောင်နိုးမှာစိုး၍ အပြင်သို့ထွက်ကာပြောလေသည်။

"ဟယ်လို ၀တီနွယ်လား"

"ဟုတ်ကဲ့ဘယ်သူများလဲမသိဘူး"

"ခုချက်ချင်းဆူးခက်မောင်အနားကထွက်သွားပေးပါ"

"ဟ အစ်မကဘယ်သူမို့လို့လဲ ဘာဖြစ်လို့..."

"စကားသိပ်မများနဲ့ကလေး ဆူးခက်မောင်ဆီကထွက်သွားပေးပါ မဟုတ်ရင်မနက်ကျဘာဖြစ်မယ်ဆိုတာအာမမခံနိုင်ဘူး ပြီးတော့တို့ကမောင့်ရဲ့ဟန်နီပဲ"
ပြောချင်တာပြောပြီးဖုန်းချသွားသည့်သူကိုအတော်လေးဒေါသထွက်မိသည်။

"မောင့်အနားကနေတသက်လုံးထွက်မသွားဘူး"
နွယ်ဟာဘာမှဆက်မပြောတော့ပဲအိပ်မောကျနေသည့်မောင့်အနားသာကပ်၍အိပ်လိုက်လေသည်။

"မနက်မိုးလင်းတာနဲ့ မောင့်ရင်ခွင်ထဲကနေ မောင့်ကိုကြည့်ရတဲ့ဖီးလ် လေးကသိပ်မိုက်တာပဲ။ပါးလေးကလဲဖောင်းဖောင်း နှုတ်ခမ်းကလဲအိပ်တော့ထော်ထော်လေးဖြစ်နေတာလေးကအစ နွယ့်အတွက်ကံကောင်းမှုကလေး"

"မောင်..."

"ထတော့လေအမောင်အိပ်ပုပ်ကလေးရဲ့"

"မထဘူး ဖက်အိပ်မှာ"

ယနေ့တွင် ဆူးခက်တို့ဟာ နွယ့်မေမေကို ဆူးခက်တို့တွဲနေပြီဖြစ်ကြောင်းဖွင့်ပြောမည့်နေ့မို့ ဆူးခက်ဟာအရမ်းပျော်နေပေမဲ့ နွယ်ဟာ စိုးရိမ်နေလျက်။

"မောင့်ကိုလေ ကလေးလေး..."

"မောင်နော် ဘယ်လိုဖြစ်လို့ ယူတောင်မယူရသေးတာကို"

"မမွေးပေးဘူးပေါ့"

"မွေးပေးမယ် မိန်းကလေး6ယောက် ယောက်ျားလေး6ယောက် ဒါဇင်လိုက်လေ ပြီးရင်မောင်ရှာကျွေး"

"တကယ်နော် ဒါဆိုခုကတည်းကစုထားမှ"

"မောင်နော်..."

ရှက်သွေးဖြာသွားသည့် နွယ့်ကိုမောင်ဟာဖက်ထားလေသည်။ထိုပျော်ရွှင်မှုဟာသူတို့အတွက်နောက်ဆုံးများလား။

ချစ်ရပါသောနွယ်Where stories live. Discover now