Part 15

55 4 1
                                    

Uni

နေကြာခင်းကြီး၏အလည်အိမ်အသေးထဲမှဆူးခက်ဟာ‌ေဆးဘူးလေးယူကာဗန်ဒါပင်ကြီး‌ အောက်၌ထိုင်နေ့သည့်နွယ့်ဆီသို့တန်းသွားလေသည်။ဆူးခက်ထိုင်လိုက်သည်နှင့်နွယ်ဟာ ဆူးခက်ရင်ခွင်ထဲသို့ချက်ချင်းဆိုသလိုပင် တိုး၀င်လာလေသည်။‌ေမာင်ဟာနွယ့်ပါးလေးအားကိုင်လျက်ပင်ဆေးကိုအသာလေးပွတ်ကာလူးပေးနေလေသည်။
"မောင်"

"ဗျာ"

"နွယ့်ကိုချစ်တယ်မလား"

"ချစ်တာပေါ့မောင့်ဆီကမထွက်သွားသ၍ချစ်တယ် နွယ်အဲ့လူဆီသွားမယ်ဆိုလဲမောင်ကျေကျေနပ်နပ်ကြီး..."

ဆူးခက်မောင်စကားမဆုံးသေးနွယ်ဟာအလျင်မြန်စကားဖြတ်ပြောလိုက်သည်။
"ဟင့်အင်းမောင် နွယ်ပြောချင်တဲ့သဘောကနွယ့်ကိုပစ်သွားပြီဟိုအစ်မဆီမသွားပါနဲ့မောင် နွယ့်ရင်တွေကွဲရလိမ့်မယ်"

"နွယ့်လက်ကလေးမှာမောင်၀တ်ပေးထားတဲ့လက်စွပ်ကိုကြည့်ပါဉီး"

နွယ်ဟာသူမ၏ဘယ်ဘက်လက်ကိုကြည့်လိုက်တော့ လက်စွပ်ကလေးကိုကြည့်ကာမျက်ရည်များဝဲနေလျက်

"မောင်ဘာလို့အဲ့လက်စွပ်လေး၀တ်ပေးလဲသိလား"

"လက်ထပ်ခွင့်တောင်းတာပဲမဟုတ်လား"

"အဲ့တာလဲဟုတ်တာပဲ ဒါပေမဲ့လဲမဟုတ်သေးဘူး"

မောင့်စကားကိုအနည်းငယ်ကြောင်သွားလေသည်။

"အဲ့လက်စွပ်ကလေးကိုမောင်၀တ်ပေးပြီးကတည်းကမောင်ကလေ ဘယ်လိုအခက်အခဲပဲရှိရှိ နွယ်သာမောင့်ဘက်ရှိရင်အရာအားလုံးကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီမို့ မောင့်အချစ်ကလေးကိုပြဿနာတွေကြားထဲကနေကာကွယ်မှာမို့ ခုလိုကိစ္စတွေဖြစ်မယ်ဆိုတာလဲသိတယ် မောင်လဲလူထဲကလူပဲလေ နွယ့်ကိုရဖို့သူတို့ဘက်ကကြိုးစားသလောက်မောင့်မှာလဲကြိုးစားပိုင်ခွင့်ရှိတယ်လေ နွယ့်မိဘတွေကအတင်းစီစဉ်ရင်တောင် မောင်ကနွယ်သာစိတ်မပါရင်နွယ့်ကိုခိုးပြေးဖို့အသင့် တကယ်လို့နွယ်စိတ်ပါရင်တော့မောင်ကနွယ့်ကိုမတားပါဘူး"

မောင့်စကားအဆုံးမှာအသံလေးတိမ်၀င်သွားကာ နွယ့်ပါးကို‌ေဆးလူးနေသည့်လက်ကလေးဟာလဲရပ်တန့်သွားလေသည်။နွယ်ဟာချက်ချင်းပင်မောင့်လည်ပင်းကိုဖက်ကာ မျက်ရည်များကျမိသည်။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

ချစ်ရပါသောနွယ်Where stories live. Discover now