(Unicode)
Euphoria studio ရဲ့အောင်မြင်ကျော်ကြားမှုက ဆန်းသစ်တဲ့အိုင်ဒီယာနဲ့ ဓာတ်ပုံလှလှလေးတွေကြောင့်ဖြစ်သလို ကင်မရာမန်းဖြစ်တဲ့ ခပ်မိုက်မိုက်အယ်လ်ဖာကြောင့်ဆိုလည်း မမှားပေ...။
"ရယ်ဒီ... ဝမ်း တူး သရီး... အိုကေ... နောက်ထပ်ပို့စ်တစ်ခုပြောင်းမယ်"
အင်္ကျီချိုင်းပြတ်ဝတ်ထားတာက ကိုယ်နဲ့အတိဖြစ်နေတာကြောင့် သူ့ရဲ့မာဆယ်အပြည့်နဲ့ လက်မောင်းကြွက်သားတွေက အထင်းသားပင်...။ လက်တစ်ချောင်းလုံးပြည့်လုနီးပါးထိုးထားတဲ့ တက်တူးကလည်း သူနဲ့လိုက်ဖက်လွန်းနေတယ်...။
"ရပြီ... ယူမယ့်ဓာတ်ပုံလေးတွေ သွားရွေးလိုက်နော်... နောက်တစ်ယောက်အလှည့်"
သူက တစ်ယောက်ပြီးတစ်ယောက်ကို ဒိုင်ခံဓာတ်ပုံရိုက်ပေးနေပြီး သူ့သူငယ်ချင်းကတော့ ရိုက်ပြီးသားပုံတွေကို ကွန်ပျူတာနဲ့တည်းဖြတ်ပေးပြီး ကာစတန်မာစိတ်ကြိုက်ပုံလေးတွေကို ရွေးချယ်ပြီးထုတ်ပေးရတယ်...။
"အိုး... ပုံတွေအကုန်လုံးက လှနေတော့ ဘယ်ဟာရွေးရမှန်းမသိတော့ဘူး"
"ဒါဆိုလည်း အကုန်ယူလိုက်ပေါ့... ကျွန်တော်ဈေးလျော့ပေးပါ့မယ်"
"အင်း...အဲ့လိုပဲလုပ်လိုက်ပါ့မယ်... ဒါနဲ့ ဟိုလေ ဓာတ်ပုံတွေအများကြီးယူတာဆိုတော့ မေတ္တာလက်ဆောင်အနေနဲ့ ကင်မရာမန်းအစ်ကိုရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမလားဟင်...??"
ထိုအခါ ကွန်ပျူတာရှေ့က အယ်လ်ဖာက အထာနပ်သလိုဟန်နဲ့ ပြုံးလိုက်လေတယ်...။ သူတို့ရဲ့စတူဒီယိုမှာ လူများရခြင်းအကြောင်းအရင်းက ဒါပဲလေ...။
"ပေးချင်ပေမယ့် ကာယကံရှင်ခွင့်ပြုမှရမှာမို့လို့ပါ"
"ဒါဆို တစ်ခုလောက်တော့မေးလို့ရမလားဟင်...?? သူ့မှာ mate ရောရှိနေပြီလား...??"
"မရှိပါဘူး... သူကအခုထိ single ပါပဲ"
"အိုး... ဒီလောက်မိမိုက်တဲ့အယ်လ်ဖာက mate မရှိသေးဘူးပေါ့လေ"
ဒါကလည်း လူတိုင်းအံ့ဩရတဲ့အချက်ပါပဲ...။ ဖြစ်နိုင်တာက အယ်လ်ဖာကိုသဘောကျတဲ့သူများလွန်းလို့ ရွေးရခက်နေတာပဲလား...။
YOU ARE READING
Over The Horizon
WerewolfTrue love is eternal, infinite, and always like itself. My first Omegaverse fiction. Jungkook x Taehyung