(Unicode)
ကတောက်ကဆတချို့နဲ့ပင် ရိုက်ကူးရေးနှစ်ရက်က ပြီးဆုံးသွားခဲ့လေတယ်...။ ကင်မရာမန်းဖြစ်တဲ့ဂျောင်ကုကလည်း သူ့အလုပ်တာဝန်အရပဲ စကားပြောသလို ခပ်ချေချေ CEO လေး ထယ်ယောင်းကလည်း စိတ်ထဲမကျေနပ်သည့်တိုင်အောင် ဆွဲဆောင်မှုရှိရှိနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တယ်...။
"ဓာတ်ပုံတွေကို ဒီတစ်ပတ်အတွင်းလာပေးပါ့မယ်.... ကျွန်တော်တို့ရဲ့စတူဒီယိုနဲ့ လက်တွဲပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"
မန်နေဂျာနဲ့လက်ဆွဲနှုတ်ဆက်ရင်းနဲ့ အပြုံးခပ်ရေးရေးလေးပြုံးလိုက်တဲ့ ဂျောင်ကုကို ထယ်ယောင်းက ခပ်လှမ်းလှမ်းကနေ လက်သည်းကိုက်ရင်းနဲ့ မျက်မှောင်ကျုံ့ကာကြည့်နေတယ်...။ သူလိုလူတိုင်းသဘောကျရတဲ့အလှလေးကို ဂျောင်ကုက အလုပ်သဘောအရပဲ ဆက်ဆံသွားတာလေ...။
သူနဲ့ပြဿနာဖြစ်ရင် ကိုယ့်ရဲ့ image ကျမှာစိုးတဲ့အတွက် ထယ်ယောင်းမှာမနည်းသည်းခံနေရတယ်...။ ကိုယ်တစ်ခုခုပြောလိုက်တိုင်း ဆင်ခြေတွေနဲ့ပြန်တုံ့ပြန်တတ်တဲ့သူ့ကို ထယ်ယောင်းဘယ်လိုမှကြည့်မရပါ...။ သူ့ကိုသူ ဘာများမှတ်နေလဲမသိ...။
အံမယ် သူကထယ်ယောင်းနဲ့သာအဆင်မပြေတာ တခြားဝန်ထမ်းတွေနဲ့ကျတော့ ရွှန်းရွှန်းဝေနေတော့တာပဲ...။ အထူးသဖြင့် သူ့အလုပ်နဲ့ပတ်သတ်ပြီး စကားပြောဆိုရတဲ့အခါမှာပေါ့...။
"CEO တစ်ခုခုလိုအပ်တာရှိသေးလားဟင်...?? မရှိတော့ဘူးဆိုရင် သူ့ကိုပြန်ခိုင်းလိုက်တော့မယ်နော်"
"နေဦး... သူ့ကိုငါ့ဆီလာခိုင်းလိုက်"
ထယ်ယောင်းရဲ့အမိန့်အရ ဝန်ထမ်းကောင်လေးက ဂျောင်ကုအနားကိုသွားကာပြောဆိုပြီးတဲ့နောက် ဂျောင်ကုကလည်း သူ့ပစ္စည်းတွေသိမ်းဆည်းနေရာကနေ ထယ်ယောင်းဆီကိုလျှောက်လာလေတယ်...။ ကိုယ်ဟန်မတ်မတ်နဲ့ ဆွဲဆောင်မှုရှိရှိလမ်းလျှောက်ပုံက အိုမီဂါလေးတွေကို ကြွေကျသွားစေမယ့်ပုံစံပင်...။ ဒါပေမယ့် ထိုအိုမီဂါတွေထဲမှာ ကင်မ်ထယ်ယောင်းမပါဝင်ပေ...။
"ဘာပြောစရာရှိသေးလို့လဲ... ဓာတ်ပုံတွေကို စိတ်တိုင်းကျတယ်မဟုတ်ဘူးလား...??"
ESTÁS LEYENDO
Over The Horizon
Hombres LoboTrue love is eternal, infinite, and always like itself. My first Omegaverse fiction. Jungkook x Taehyung