(Unicode)
မနက်ခင်းနေရောင်ခြည်နွေးနွေးက အိပ်ခန်းထဲကိုဖြာကျနေတယ်...။ ကုတင်ပေါ်မှာ အပေါ်ပိုင်းဗလာကျင်းနဲ့ အိပ်ပျော်နေတဲ့အယ်လ်ဖာကောင်လေးဟာ လူငယ်တစ်ယောက်ရဲ့နုပျိုပြေပြစ်မှုနဲ့ ပြီးပြည့်စုံနေတယ်...။
ရုတ်တရတ်အိပ်ခန်းတံခါးဟာ ခပ်ဟဟလေးပွင့်သွားပြီး အခန်းထဲကိုအဖြူရောင်အရိပ်လေးတစ်ခု ဝင်လာလေတယ်...။ ရှပ်အင်္ကျီပွပွလေးကိုဝတ်ဆင်ထားတဲ့ ကိုယ်ငယ်လေးဟာ လေတိုက်ရင်တောင်လွင့်သွားမတတ်ပင်...။ ထိုအဖြူရိပ်လေးဟာ အယ်လ်ဖာအိပ်ပျော်နေတဲ့ ကုတင်ထက်မှာ တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း အယ်လ်ဖာရဲ့လက်မောင်းတစ်ဖက်ကို ခပ်ဖွဖွကိုင်ကာလှုပ်နှ်ိုးလိုက်လေတယ်...။
"ဂျောင်ကု... ထတော့လေ ကလေး... အလုပ်သွားရမယ်ဆို"
အအိပ်ဆတ်တဲ့အယ်လ်ဖာက ချက်ချင်းနိုးသွားခဲ့ပြီး သူ့ကိုလာနှိုးတဲ့သူကိုမြင်တော့ ပြုံးသွားလေတယ်...။ ထို့နောက်ချက်ချင်းပင် ကိုယ်ကိုမတ်ကာ အဖြူရိပ်လေးရဲ့ခါးသွယ်သွယ်ကို ဖက်ထားလိုက်တယ်...။
"ဟော... ကလေးလည်းမဟုတ်တော့ဘဲ လာချွဲနေပြန်ပြီ"
"ကလေးမဟုတ်ဘူးဆို ဘာလို့ကျွန်တော့်ကို ကလေးလို့ခေါ်နေတာလဲ ဂျင်ရဲ့"
ဂျောင်ကုရဲ့စကားကြောင့် အဖြူရောင်အရိပ်လေးဟာ ခပ်တိုးတိုးရယ်မောလေတယ်...။ ဂျောင်ကုကတော့ သူ့ခန္ဓာကိုယ်ကြီးကိုမှအားမနာ သူ့ထက်လူကောင်သေးတဲ့ကောင်လေးရဲ့ ရင်ခွင်ကျဉ်းကျဉ်းလေးထဲကို တိုးဝင်နေလေတယ်...။
"မနေ့က အိမ်ပြန်မလာဘူးဆို... ဘယ်မှာအိပ်တာလဲ...??"
မိဘတွေကိုတောင် မပြောပြခဲ့တဲ့ကိစ္စကို အနှီကောင်လေးမေးလာတဲ့အခါမှာတော့ ဂျောင်ကုက ပြောပြဖို့ဆုံးဖြတ်လိုက်တယ်...။
"မနေ့ညက ကျွန်တော် heat တက်နေတဲ့ အိုမီဂါလေးတစ်ယောက်နဲ့ အိပ်မိသွားတယ်"
"ဘယ်လို...?? ဒါ...ဒါဆို တာဝန်ယူရမှာပေါ့... အဲ့အိုမီဂါလေးက ဘယ်ကလဲ... ဘယ်လိုတွေ့သွားတာလဲ...??"
ရင်ခွင်ထဲကဂျောင်ကုကို အလန့်တကြားတွန်းထုတ်ပြီး မေးခွန်းတွေထုတ်လာတဲ့ဂျင်ကြောင့် ဂျောင်ကုရယ်မောလိုက်မိတယ်...။
BẠN ĐANG ĐỌC
Over The Horizon
Người sóiTrue love is eternal, infinite, and always like itself. My first Omegaverse fiction. Jungkook x Taehyung