Part - 8

359 61 15
                                    

(Unicode)

နမ်ဂျွန်းတစ်ယောက် ခုတလောသူ့ညီကိုကြည့်ရတာ အတန်ငယ်ထူးခြားနေတယ်လို့ စိတ်ထဲထင်မိတယ်...။ ကုမ္မဏီကိုလည်း နေ့တိုင်းသွားတဲ့အပြင် သူ့ကိုကြည့်ရတာ တစ်ခုခုကြောင့်အလုပ်ရှုပ်နေသလိုပါပဲ...။

တကယ်ဆို ထယ်ယောင်းက အမည်ခံအနေနဲ့သာ ကုမ္မဏီကိုအုပ်ချုပ်တာပါ...။ ဒယ်ဒီက စိတ်ချရတဲ့သူတွေကို ရာထူးကြီးကြီးပေးကာ ခန့်အပ်ထားတာကြောင့်မို့ ကုမ္မဏီကိစ္စနဲ့ပတ်သတ်ရင် ထယ်ယောင်းအနေနဲ့ အလုပ်ရှုပ်နေစရာအကြောင်းမရှိပါ...။

အိုမီဂါလေးတစ်ယောက်ကို ဒီတိုင်းလွှတ်ထားလို့မကောင်းတာကြောင့် နမ်ဂျွန်းလည်း မေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်...။ မဟုတ်ရင်က ထယ်ယောင်းအတွက် မကောင်းတဲ့ကိစ္စတွေရှိနေတာကို နောက်ကျမှသိရရင် အများကြီးနစ်နာစရာတွေ ဖြစ်ကုန်မှာစိုးရတယ်...။

ဒီနေ့က နမ်ဂျွန်းရဲ့အလုပ်ပိတ်ရက်မို့ ကုမ္မဏီကိုသွားဖို့ပြင်နေတဲ့ သူ့ညီလေးဆီကို ထွက်လာခဲ့လိုက်တယ်...။ အရင်ကဆို နေဖင်ထိုးမှထပြီး ကုမ္မဏီကိုစိတ်မပါလက်မပါနဲ့ သွားတတ်တဲ့သူက အခုဆိုရင် စောစောစီးစီးပြင်ဆင်ပြီး သွားတတ်နေပြီလေ...။

"အငယ်လေး... ကိုကြီးဝင်လာခဲ့မယ်နော်"

"ဟုတ်ကဲ့ကိုကြီး... ဝင်လာခဲ့လေ"

နမ်ဂျွန်းတံခါးခေါက်ကာမေးလိုက်တော့ ထယ်ယောင်းကလည်း ဝင်ခဲ့ဖို့ပြောတာကြောင့် တံခါးကိုလှည့်ဖွင့်ကာ ဝင်လာခဲ့လိုက်တယ်...။ အထဲရောက်တော့ ထယ်ယောင်းက ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ကာ သူ့ကိုယ်သူကြည့်ကောင်းအောင် ပြင်ဆင်နေတာကိုတွေ့လိုက်ရတယ်...။

"ခုတလော ကုမ္မဏီကိုသွားဖို့ အရမ်းတက်ကြွနေသလိုပဲနော်... ဘာလို့ပါလိမ့်"

"သေချာတာကတော့ အလုပ်ကြိုးစားနေတာမဟုတ်ဘူးပေါ့ ကိုကြီးရဲ့"

ခုထက်ထိအလုပ်ကိုစိတ်မဝင်စားသေးတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ထယ်ယောင်းကြောင့် နမ်ဂျွန်းပြုံးလိုက်မိတယ်...။ ဒါကမှ သူ့ညီအစစ်လေ...။ ဒါပေမယ့် အလုပ်ကြောင့်မဟုတ်ဘဲ ကုမ္မဏီကိုနေ့တိုင်းသွားနေတာက အကြောင်းတစ်ခုခုရှ်ိရမှာပင်...။

Over The Horizon Where stories live. Discover now