(Unicode)
နာမည်ကြီးလှတဲ့ အိုမီဂါအလှလေးနဲ့တွဲပြီး ပွဲတက်တဲ့အခါ လူအများစိတ်ဝင်စားခံရမယ်ဆိုတာ ဂျောင်ကုတွေးထားပြီးသားဆိုပေမယ့် ခုလောက်ထိပွဲဆူစေလိမ့်မယ်လို့ ထင်မထားပေ...။
ကင်မရာမီးတဖျတ်ဖျတ်ကြားမှာ ဂျောင်ကုနေရထိုင်ရတာ စိတ်ကျဉ်းကြပ်လာလေပြီ...။ ကိုယ်ကသာ သူများကိုဓာတ်ပုံရိုက်ပေးချင်တာ ကိုယ့်ကိုဓာတ်ပုံလာရိုက်ရင်တော့ သိပ်သဘောကျတာမဟုတ်ဘူး...။ အထူးသဖြင့် အခုလိုမျိုး အကယ်ဒမီပေးပွဲတက်သလို မီဒီယာတွေဝိုင်းအုံပြီး ဓာတ်ပုံရိုက်ကြတဲ့အခါမှာပေါ့...။
နဂိုတည်းက မျက်နှာတည်တဲ့ဂျောင်ကုဟာ ခုလည်း မျက်မှောင်ကျုံ့ထားရင်း ခပ်ချေချေအနေအထားဖြစ်နေတော့တယ်...။ သူ့လက်ကိုတွဲချိတ်ထားတဲ့ ထယ်ယောင်းရဲ့ပုံစံကလည်း ဘယ်လိုဖြစ်နေမလဲဆိုတာ သတိမထားမိတော့ပေ...။
ထယ်ယောင်းကတော့ ကင်မရာမီးတွေနဲ့ နေသားကျနေသူမို့ သိပ်ပြီးမထူးဆန်းနေပါ...။ ခါတိုင်းလည်း ပွဲတက်နေကျဖြစ်သလို ပွဲတက်တိုင်းလည်း မီဒီယာတွေဆီက ခုလိုအလုအယက်ဓာတ်ပုံရိုက်တာမျိုး မေးခွန်းတွေမေးတာမျိုးကို ခံရဖူးပါတယ်...။ ခုက ဘေးမှာအယ်လ်ဖာတစ်ယောက်ပါလာတော့ ပိုပြီးသတိထားစရာဖြစ်သွားတာပေါ့...။
"ထယ်ယောင်းရှီက ထူးထူးခြားခြား ပါတနာနဲ့တွဲပြီး ပွဲတက်လာတာဆိုတော့ နှစ်ယောက်သားက ဘယ်လိုပတ်သတ်ကြတာလဲ"
"ကျွန်တော့်ရည်းစားပါ"
"ဝိုး... သတင်းထူးပဲ... နှစ်ယောက်သား ဘယ်မှာစတွေ့ကြတာလဲ"
"သူငယ်ချင်းရဲ့မွေးနေ့ပွဲပါတီမှာပါ"
ထယ်ယောင်းက စိတ်ကောင်းဝင်နေတာကြောင့် မေးခွန်းတွေကိုဖြေပေးနေလေတယ်...။ ဂျောင်ကုကတော့ မျက်နှာထားတင်းတင်းနဲ့မို့ မမေးရဲကြပေ...။
"တွဲနေကြတာ ဘယ်လောက်ကြာပြီလဲ...??"
"အရမ်းမကြာသေးပါဘူး... လပိုင်းလောက်ပဲရှိသေးတာ"
"ထယ်ယောင်းရှီကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်ထားတဲ့အယ်လ်ဖာက ဘယ်အသိုင်းအဝိုင်းကလဲဆိုတာရော ပြောပြပေးလို့ရမလား...??"
KAMU SEDANG MEMBACA
Over The Horizon
Manusia SerigalaTrue love is eternal, infinite, and always like itself. My first Omegaverse fiction. Jungkook x Taehyung